Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် စူပါဆိုင်ကလုန်းမုန်တိုင်း Saola တိုက်ခတ်မှုဒဏ် လူပေါင်း ၂၀၀,၀၀၀ နီးပါးခံစားရ

ဖိလစ်ပိုင်နိုင်ငံ Bulacan ပြည်နယ်တွင် ရေကြီးရေလျှံမှုအတွင်း ဖြတ်သန်းသွားနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံရှိ ဒေသ ၇ ခုတွင် စူပါဆိုင်ကလုန်းမုန်တိုင်း Saola ကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ နီးပါး ထိခိုက်ခံစားခဲ့ရကြောင်း အစိုးရက ဩဂုတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်များကြောင့် အနည်းဆုံး လူတစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူမရှိသေးကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ပြောခဲ့သည်။
Saola မုန်တိုင်းကြောင့် ဒေသ ၁၉၃ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူဇုန်ကျွန်းနှင့် ဖိလစ်ပိုင်အလယ်ပိုင်းတွင် မြေပြိုမှု ၁၂ ခု ဖြစ်ပွားခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။ ထို့ပြင် လူဦးရေ ၃၅,၀၀၀ ကျော်မှာ ယာယီမုန်တိုင်းရှောင်စခန်းများ၌ နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။

Saola မုန်တိုင်းသည် ဩဂုတ် ၂၇ ရက်က စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ မုန်တိုင်းသည် ဩဂုတ် ၃၀ ရက်အထိ ဆက်လက်အားကောင်းကာ Batanes ပြည်နယ်အတွင်း အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားသွားမည်ဖြစ်ကြောင်း၊ လေတိုက်နှုန်းအနေဖြင့် တစ်နာရီလျှင် ၁၉၅ ကီလိုမီတာမှ ၂၄၀ ကီလိုမီတာအထိ တိုက်ခိုက်ခတ်နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဗျူရိုက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Super typhoon Saola affects nearly 200,000 in Philippines
MANILA, Aug. 30 (Xinhua) — Super typhoon Saola has triggered floods and landslides in seven regions in the Philippines, affecting nearly 200,000 people, the government said on Wednesday.
The National Disaster Risk Reduction and Management Council said at least one person was reported missing. No death has been reported so far.
The disaster management agency said Saola flooded 193 areas and triggered 12 landslides on main Luzon island and the central Philippines. More than 35,000 of the displaced residents are still in temporary shelters.
Saola intensified into a super typhoon at dawn on Sunday, dumping heavy rain and severe winds in the northern Philippines.
The Philippine State Weather Bureau said Saola maintained its strength on Wednesday as it moved west-northwestward at 15 km per hour over the northernmost province of Batanes, packing sustained winds of 195 km per hour and gusts of up to 240 km per hour.
Photo: A resident wades through floodwater in Bulacan province, the Philippines on July 31, 2023. (PHOTO / XINHUA)