Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၌ ဩဂုတ် ၂ ရက် ညက အဖွဲ့နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်သည် ပြည်နယ်မြို့တော် Quetta တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်များအကြား စကားများရန်ဖြစ်ရင်း အခြေအနေ ပိုမိုဆိုးရွားတင်းမာလာကာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေရာ၌ မီဒီယာသို့ ပြောကြားခဲ့သည်။

ယင်းအဖွဲ့နှစ်ဖွဲ့မှာ ထိုမြို့၏ ဩဇာရှိ မိသားစုများမှဖြစ်ပြီး မြေယာကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားခဲ့ကာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဆက်လက်၍ စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါနေရာကို ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
4 killed in SW Pakistan shootout
ISLAMABAD, Aug. 3 (Xinhua) — Four people were killed in shootout between two groups in Pakistan’s southwest Balochistan province on Wednesday night, police said.
The incident happened in the provincial capital of Quetta where a verbal argument between members of two groups turned worse, and they opened fire at each other, police told the media from the incident site.
Both groups were from the city’s influential families who clashed over a land dispute, the police added.
Several people were also injured in the exchange of fire and have been shifted to a nearby hospital.
The area had been cordoned off by police for further investigation. Enditem