Connect with us

China

တရုတ်နိုင်ငံက မောင်းသူမဲ့တက္ကစီ ထုတ်လုပ်မှုတွင် ရှေ့တန်းရောက်နေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၊ ရိကျွမ်းနယ်မြေရှိ လမ်းပေါ်တွင် မောင်းသူမဲ့မော်တော်ယာဉ် (ရှေ့တန်းယာဘက်) တစ်စီး စမ်းသပ်မောင်းနှင်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မောင်းသူမဲ့တက္ကစီ ထွက်ရှိမှုသည် ပိုမိုအဆင့်မြင့်မားသော မြို့ပြစီမံကိန်းဆိုင်ရာ လမ်းကြောင်းဖွင့်လှစ်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့အသုံးပြုမှု လျှော့ချရေး လမ်းကြောင်း ချမှတ်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု (IMD) မှ ကျွမ်းကျင်ပညာရှင်က ဆင်ဟွာသို့ မကြာသေးမီက ပြောကြားခဲ့သည်။
“ဒါက အလွန်စိတ်လှုပ်ရှားဖွယ် အကြောင်းအရာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စက်ရုပ်တက္ကစီတွေ (မောင်းသူမဲ့ တက္ကစီတွေ) က လမ်းအန္တရာယ်ဘေးကင်းမှု၊ ထိရောက်မှုကို မြှင့်တင်ပေးမှာဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ အသုံးပြုမှုလျှော့ချပေးပါလိမ့်မယ်။ သယ်ယူပို့ဆောင်ရေးအတွက်လည်း အလွန်အဆင်ပြေပါတယ်” ဟု IMD Center for Future Readiness ညွှန်ကြားရေးမှူး Howard Yu က ပြောခဲ့သည်။

တရုတ် နည်းပညာကုမ္ပဏီကြီး Baidu နှင့် မောင်းသူမဲ့မော်တော်ယာဉ်လုပ်ငန်း Pony.ai တို့အား မောင်းသူမဲ့တက္ကစီများ အပြည့်အဝလည်ပတ်ရန် လိုင်စင်များကို မတ်လက ထုတ်ပေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော လေးလအတွင်း မောင်းသူမဲ့ တက္ကစီ ၁၁၆ စီးက စမ်းသပ်ပြေးဆွဲမှုခရီးစဉ် ၁.၅ သန်းကျော် ပြီးစီးခဲ့ပြီး ခရီးသည်များမှ ကောင်းမွန်သောအဆင့်သတ်မှတ်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။ ထိုအချက်က အလိုအလျောက်စနစ်ဖြင့် အပြည့်အဝမောင်းနှင်နိုင်သော မော်တော်ယာဉ်များအတွက် အဓိကမြို့ကြီးများတွင် ပြေးဆွဲရန် ခွင့်ပြုချက်ရရှိခြင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အကြံပေးကုမ္ပဏီ IHS Markit ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ မောင်းသူမဲ့တက္ကစီဈေးကွက်သည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ယွမ် ၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ) အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China at forefront of developing, rolling out driverless taxis: expert
GENEVA, Aug. 2 (Xinhua) — The rollout of driverless taxis in China is set to pave the way for smarter urban planning, reduce traffic jams and lower the carbon footprint, an expert from the International Institute for Management Development (IMD) told Xinhua recently.
“It’s a very timely and exciting topic because robotaxis (driverless taxis) will improve road safety, efficiency and reduce the carbon footprint. It’s also a very convenient means of transportation,” said Howard Yu, director of the IMD Center for Future Readiness.
In March, licenses were granted to Chinese tech giant Baidu and autonomous mobility startup Pony.ai to operate fully driverless taxis.
Over the past four months, 116 self-driving taxis have completed over 1.5 million test trips with more than 95 percent positive passenger ratings. The move marked the first time that a fully autonomous fleet of vehicles has been granted permission to operate in a major metropolis.
According to a report by global consultancy IHS Markit, China’s self-driving taxi market is expected to reach 1.3 trillion yuan (180 billion U.S. dollars) by 2030.
Photo 1: An autonomous vehicle (1st R) is in driverless test on a road in Yizhuang of Beijing, capital of China, Oct. 19, 2021. (Xinhua/Peng Ziyang)