Connect with us

Media

တရုတ်နိုင်ငံက တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသောဒေသတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းကို ပံ့ပိုးပေးနိုင်ရန် မောင်းသူမဲ့လေယာဉ် စေလွှတ်ထား

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရပ်ဘက်သုံး မောင်းသူမဲ့ လေယာဉ် (UAV) ကြီး Wing Loong-2H ကို တိုင်ဖွန်းမုန်တိုင်း “Doksuri” ဒဏ်ခံစားရသော နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအား ပံ့ပိုးကူညီရန် စေလွှတ်ထားကြောင်း ၎င်းယာဉ်ထုတ်လုပ်သူက ပြောခဲ့သည်။

Wing Loong-2H မောင်းသူမဲ့လေယာဉ်သည် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ တာဝန်ပေးချက်ဖြင့် မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးမစ်ရှင် ထမ်းဆောင်ရန် ဖူကျန့်ပြည်နယ်သို့ အလျင်အမြန်သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်သည် ဖူကျန့်ပြည်နယ်တစ်ခွင် မြို့များစွာ၌ ရေလယ်ဗယ်၊ အဆောက်အအုံ ပျက်စီးမှုများနှင့် တိုင်ဖွန်းမုန်တိုင်းကြောင့် အခြားသဘာဝဘေးအန္တရာယ်အခြေအနေများကို စောင့်ကြည့်ခဲ့သည်။ ထို့ပြင် မိုးလေဝသဆိုင်ရာ အချက်အလက်များကို ရုပ်ထွက်မြင့်မားသော ဓာတ်ပုံများနှင့် မျက်မြင်အချက်အလက်များကို စုဆောင်းကာ အချိန်နှင့် တစ်ပြေးညီပြန်လည်ပို့ပေးခဲ့ကြောင်း AVIC က ပြောခဲ့သည်။

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် Wing Loong-2H ယာဉ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကျစ်ကုန့်မြို့ရှိ လန်ထန်လေဆိပ်မှ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China deploys large UAV to support emergency rescue in typhoon-hit region
BEIJING, Aug. 2 (Xinhua) — China’s large civil unmanned aerial vehicle (UAV) Wing Loong-2H has been deployed to support the emergency rescue in east China’s Fujian Province, which has been affected by Typhoon Doksuri, according to its developer.
The Wing Loong-2H large UAV has rushed to Fujian to carry out the meteorological and disaster monitoring mission, which was assigned by the Ministry of Emergency Management, said the Aviation Industry Corporation of China (AVIC).
It monitored the water level, building damages, and other disaster conditions caused by the typhoon to multiple cities across Fujian. It collected and sent back real-time high-definition images and visual data of meteorological information, said the AVIC.
To meet demands from the disaster rescue, the Wing Loong-2H took off at Lantian Airport in Zigong City, southwest China’s Sichuan Province, on early Sunday morning.