Connect with us

China

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ရေဘေးဒဏ်သင့်နေရာများသို့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ခွဲဝေပေး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မူသန်းကျန်းမြို့ ယန်မင်ခရိုင်တွင် သဲအိတ်များ ရွှေ့ပြောင်းနေသော မီးသတ်သမားများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာနက ဩဂုတ် ၆ ရက် ညနေ ၄ နာရီအထိ ပြည်နယ်တစ်ဝန်းရှိ ရေဘေးဒဏ်သင့်နေရာများသို့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများတွင် ယာယီတဲ့ ၄၀၀၊ ခေါက်ကုတင် ၁၀,၉၀၀၊ အိပ်ရာခင်းအစုံ ၁၀,၉၀၀၊ နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်း ၂,၅၀၀ ထုပ်၊ မိုးကာအင်္ကျီ ၂၅၀၊ မိုးတွင်းစီးဖိနပ် ၂၅၀ ရံ စသည်တို့ ပါဝင်သည်။

အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် အမျိုးသား စားနပ်ရိက္ခာနှင့် အရန်ဗျူဟာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ရေဘေးသင့်ဧရိယာများတွင် နေထိုင်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မိသားစုအရေးပေါ်သုံးပစ္စည်းများနှင့် အခြား သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများကို ဟေးလုံကျန်းပြည်နယ်ထံ ချက်ချင်းခွဲဝေပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………

(English Version)
NE China’s Heilongjiang allocates flood-relief supplies to affected areas
HARBIN, Aug. 6 (Xinhua) — As of 4 p.m. Sunday, the emergency management department of northeast China’s Heilongjiang Province has allocated batches of disaster relief supplies to the flood-hit areas across the province amid the latest round of floods.
These supplies include 400 tents, 10,900 foldable beds, 10,900 sets of quilts, 2,500 parcels of daily necessities, 250 raincoats, 250 pairs of rain shoes, and so on, said the department on Sunday.
The Ministry of Emergency Management and the National Food and Strategic Reserves Administration have also urgently allocated family emergency kits and other disaster relief materials to Heilongjiang to meet the needs of those in the flood-hit areas.
Photo: Firefighters transfer sandbags in Yangming District of Mudanjiang, northeast China’s Heilongjiang Province, Aug. 5, 2023. (Xinhua)