Connect with us

China

တရုတ်နှင့် ရုရှားတို့က နီးကပ်သော မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းထားလျက်ရှိသလို ဗဟုအသွင်ပြောင်းကမ္ဘာကြီးကို ပူးတွဲမြှင့်တင်မည်

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာ) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဖ်ရော့ဗ်တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နိုင်ငံတကာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအဆင့်များ၌ အနီးကပ် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရန်၊ ဗဟုအသွင်ပြောင်းကမ္ဘာကြီးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ဒီမိုကရေစီကျင့်သုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံသတ်မှတ်ချက်များကို ထိန်းသိမ်းရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။

ယင်းမှာ နှစ်နိုင်ငံအတွက် နိုင်ငံတကာတာဝန်ဖြစ်သလို တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သော ဝမ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဖ်ရော့ဗ် (Sergei Lavrov) အား တယ်လီဖုန်းမှတစ်ဆင့်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ အပါအဝင် အခြား BRICS မိတ်ဖက်နိုင်ငံများနှင့်အတူ တောင်အာဖရိကအား BRICS ထိပ်သီးအစည်းအဝေး လက်ခံကျင်းပနိုင်ရေး ပံ့ပိုးပေးကြရန်နှင့် BRICS ယန္တရား ခိုင်မာ အားကောင်းစွာ တိုးတက်မှုရှိရေး မြှင့်တင်ပေးကြရန် ဆန္ဒရှိကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဖ်ရော့ဗ်က ရုရှားနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် မတ်လက ရုရှားသို့ လာရောက်စဉ် ရရှိခဲ့သော အရေးကြီးသော အောင်မြင်မှုများ အကောင်အထည်ဖော်ရေး၊ ဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု အားကောင်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး၌ အကျိုးရလဒ်များ ပိုမိုရရှိစေရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး စသည်တို့ကို တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ BRICS နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ခိုင်မာသော ဆက်ဆံရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေး အားကောင်းရန်၊ ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်ရန်၊ တစ်ဖက်သတ်ဝါဒကို ကန့်ကွက်ရန်၊ နိုင်ငံတကာဆက်ဆံရေး၌ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ရန်နှင့် နိုင်ငံတကာ သာတူညီမျှနှင့် တရားမျှတမှုကို ထိန်းသိမ်းရန် ထပ်မံဆောင်ရွက်သွားလိုကြောင်း လက်ဖ်ရော့ဗ်က ဆိုသည်။ (Xinhua)

………………………………
(English Version)
China, Russia maintain close strategic coordination, jointly promote multipolarity: FM

BEIJING, Aug. 7 (Xinhua) — China and Russia continue to work for close strategic coordination at international and multilateral levels, advance the process for a multipolar world and democratization in international relations, and uphold the basic norms of international relations, Chinese Foreign Minister Wang Yi said Monday.
Talking on the phone with Russian Foreign Minister Sergei Lavrov, Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, said this is the international responsibility for the two countries and is also the integral component of the China-Russia comprehensive strategic partnership of coordination.
China is willing to work with Russia and other BRICS partners to support South Africa in hosting the upcoming BRICS Summit and promote the healthy and vigorous development of the BRICS mechanism, he added.
For his part, Lavrov noted that Russia is willing to work with China to implement the important achievements of President Xi’s visit to Russia in March, further strengthen strategic coordination, and deepen pragmatic cooperation for more results in bilateral relations.
Russia is willing to further strengthen communication and coordination with China under the multilateral framework of the United Nations, BRICS and the Shanghai Cooperation Organization, oppose hegemony, resist unilateralism, promote the democratization of international relations, and safeguard international equity and justice, said Lavrov.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (R) meets with Russian Foreign Minister Sergei Lavrov in Jakarta, Indonesia, on July 13, 2023. (Xinhua/Xu Qin)