Connect with us

Africa & Middle East

ဟန်ကျိုးအာရှအားကစားပွဲသို့ ယူအေအီးက အားကစားသမား ၁၄၀ စေလွှတ်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် ၁၉ ကြိမ်မြောက် ဟန်ကျိုးအာရှအားကစားပွဲ ၂၀၂၂ ကျင်းပမည့် ပင်မနေရာဖြစ်သော ဟန်ကျိုး အိုလံပစ် အားကစားစင်တာကို ၂၀၂၂ မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲသို့ အားကစားသမား ၁၄၀ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမားများအနေဖြင့် အမျိုးသား ၁၀၂ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့ပါဝင်ကြောင်း ယူအေအီး အမျိုးသား အိုလံပစ်ကော်မတီက အောက်တိုဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။ အဆိုပါ အားကစားသမားများသည် သေနတ်ပစ်၊ မြင်းစီး၊ ပြေးခုန်ပစ်၊ ရေကူး၊ စက်ဘီးစီး၊ မြားပစ်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဂျူဂျစ်ဆု၊ ဓားသိုင်း၊ လက်ဝှေ့၊ နပန်း၊ ဘတ်စကက်ဘော၊ ရက်ဘီ၊ ရွက်လှေ၊ လှေလှော်၊ စစ်တုရင်၊ ဂေါက်ရိုက်၊ esports နှင့် အားကစားနည်းမျိုးစုံ စသည့်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသား အိုလံပစ်ကော်မတီ၊ နည်းပညာနှင့် အားကစားရေးရာဌာန ညွှန်ကြားရေးမှူး အာမတ် အယ်လ် တေရပ်ဘ် ဦးဆောင်ကျင်းပသော သတင်းစာရှင်းလင်းပွဲအတွင်း အဆိုပါသတင်းအချက်အလက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟန်ကျိုး အာရှအားကစားပွဲအား နိုင်ငံနှင့် ဒေသ ၄၅ ခုမှ အားကစားသမား ၁၂,၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းထားပြီး ၎င်းတို့က ပြိုင်ပွဲ ၄၈၁ ခု၌ အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
UAE to send 140 athletes to Hangzhou Asian Games
DUBAI, Aug. 31 (Xinhua) — The United Arab Emirates (UAE) will send 140 athletes to the 19th Asian Games, hosted by Hangzhou, China, from Sept. 23 to Oct. 8.
The UAE National Olympic Committee announced Wednesday that its delegation includes 102 male and 38 female athletes. They will compete in events such as shooting, equestrian, athletics, swimming, cycling, archery, judo, taekwondo, karate, jiu-jitsu, fencing, boxing, wrestling, basketball, rugby, sailing, rowing, chess, golf, esports, and triathlon.
This information was shared during a press conference led by Ahmed Al Tayeb, Director of the Technical and Sports Affairs Department at the National Olympic Committee.
The Hangzhou Asian Games are expected to see approximately 12,000 athletes from 45 countries and regions. They will compete in 40 sports across 481 events.
Photo: Aerial photo taken on March 30, 2022, shows a view of Hangzhou Olympic Sports Center Stadium, the main stadium of the 19th Asian Games Hangzhou 2022 in Hangzhou, east China’s Zhejiang Province. (Xinhua/Huang Zongzhi)