Connect with us

Media

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှားပါး အရှေ့တိုင်းငှက်ကျားဖြူအား နှုတ်သီးအစားထိုးကုသမှု ပြုလုပ်ပေးခဲ့

ဟာအယ်ပင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

နှုတ်သီးကျိုးနေသော ထိခိုက်ဒဏ်ရာရရှိထားသည့် အရှေ့တိုင်းငှက်ကျားဖြူတစ်ကောင်အား တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟုန်ဟယ်အမျိုးသားသဘာဝဘေးမဲ့တောသို့ မကြာသေးမီက ခွဲစိတ်ကုသပေးရန် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

“ဒီအရှေ့တိုင်းငှက်ကျားဖြူကို ကယ်ဆယ်ဖို့ နည်းလမ်းအမျိုးမျိုး ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ အကောင်းဆုံးကတော့ နှုတ်သီးအတုတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး တပ်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်သီးအစစ်လိုမျိုး ပုံသဏ္ဌာန်တူ ပြုလုပ်ဖို့ ပုံတူနမူနာ အထူးပြုလုပ်တဲ့ ကုမ္ပဏီတစ်ခုကို ဆက်သွယ်ခဲ့ပါတယ်။ အောက်နှုတ်သီးမရှိဘူးဆိုရင် အစာကို သေသေချာချာ ကောက်ယူနိုင်မှာ မဟုတ်သလို တောထဲမှာလဲ ရှင်သန်နိုင်မှာ မဟုတ်ဘူးလေ” ဟု ဟုန်ဟယ်အမျိုးသား သဘာဝဘေးမဲ့တောမှ ဝန်ထမ်း ZHU BAOGUANG က ပြောကြားခဲ့သည်။
အဆိုပါ နှုတ်သီးကျိုးနေသည့် အရှေ့တိုင်းငှက်ကျားဖြူအား ဆေးကုသမှုများ ပြုလုပ်ပေးပြီးနောက် တောထဲသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အရှေ့တိုင်းငှက်ကျားဖြူသည် တရုတ်နိုင်ငံ၌ ပထမအဆင့် အမျိုးသားကာကွယ်စောင့်ရှောက်မှုအောက်ရှိ ရွှေ့ပြောင်းငှက်မျိုးစိတ် ဖြစ်သည်။ (Xinhua)

…………………………..
(English Version)
Rare oriental white stork gets beak transplant in NE China
An injured oriental white stork with a broken beak was brought to the Honghe National Nature Reserve in northeast China’s Heilongjiang Province for surgery recently.
SOUNDBITE (Chinese): ZHU BAOGUANG, Staff member of Honghe National Nature Reserve
“To rescue this oriental stork, we considered multiple options, and the best one was to provide it with an artificial beak as soon as possible. Thus, we reached out to a company specializing in simulated specimens and customized a lifelike beak for it. Without a lower beak, it couldn’t peck food properly, making it unable to survive in the wild.”
The bird was sent back to the wild after medical treatment.
The oriental white stork is a migratory bird species under China’s first-class national protection.
Xinhua News Agency correspondents reporting from Harbin, China.(XHTV)