Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် စူပါ တိုင်ဖွန်းမုန်တိုင်း Saola ကြောင့် လူ ၁ ဦးသေဆုံး၊ လူဦးရေ ၃၈၇,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်း

ဖိလစ်ပိုင်နိုင်ငံ Bulacan ပြည်နယ်တွင် ရေကြီးရေလျှံနေသောလမ်းမပေါ်မှ ဖြတ်သန်းသွားလာနေသော ဒေသခံများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်း Saola တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ နိုင်ငံတစ်ဝန်း လူတစ်ဦးသေဆုံးပြီး လူဦးရေ ၃၈၇,၂၄၂ နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း အစိုးရက စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။

လူဦးရေ ၂၁,၀၀၀ ကျော်မှာ ယာယီစခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ပြောခဲ့သည်။
Saola မုန်တိုင်းသည် ဩဂုတ် ၂၇ ရက်က စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး လူဇုန်ကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် အားကောင်းသော အပူပိုင်းမုန်တိုင်း Haikui သည် စက်တင်ဘာ ၁ ရက်တွင် တိုင်ဖွန်းမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ကာ အနောက်တောင်မုတ်သုံ အားကောင်းလာခဲ့ပြီး သီတင်းပတ်ကုန်ပိုင်းတွင် မိုးပိုမိုများပြားမည် ဖြစ်ကြောင်း မိုးလေဝသဗျူရိုက ပြောခဲ့သည်။
Haikui မုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့သော ၈ ခု မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။ နောက်ထပ် အားကောင်းသောအပူပိုင်းမုန်တိုင်းများလည်း ဆက်လက်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသဗျူရိုက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)

………………………………
(English Version)
Super typhoon Saola leaves 1 dead, displaces over 387,000 in Philippines
MANILA, Sept. 1 (Xinhua) — Super typhoon Saola, which triggered floods and landslides in the Philippines, has left at least one dead and displaced 387,242 people across the country, the government said on Friday.
The National Disaster Risk Reduction and Management Council said more than 21,000 are still in temporary shelters.
Saola grew into a super typhoon last Sunday, dumping heavy rain and severe winds in the main Luzon island and central Philippines.
Meanwhile, severe tropical storm Haikui, which intensified into a typhoon on Friday, is enhancing the southwest monsoon and threatening to dump more rain over the weekend, the state weather bureau said.
Haikui is the eighth typhoon to lash the archipelago country this year. The bureau added that another severe tropical storm is also approaching.
Photo: Residents wade through a flooded road in Bulacan Province, the Philippines, Sept. 26, 2022. (Xinhua/Rouelle Umali)