Connect with us

Asia

တောင်ကိုရီးယားနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ဩဂုတ်လ၌ ၇.၂ ရာခိုင်နှုန်း အထိတိုးလာ

တောင်ကိုရီးယားနိုင်ငံ၊ Daegu မြို့၊ Seomun Market ၌ လမ်းလျှောက်နေကြသူများကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၇ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ စီးပွားရေးကျဆင်းမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ပြီးခဲ့သည့်လတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ကြောင်း အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အလုပ်လက်မဲ့အတွက် အစိုးရထောက်ပံ့ကြေး လျှောက်ထားသူအသစ် ဦးရေသည် သြဂုတ်လတွင် ၈၇,၀၀၀ ရှိပြီး ယမန်နှစ်ကာလတူကထက် ၇.၂ ရာခိုင်နှုန်း တိုးလာကြောင်း အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။

ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လက်မဲ့အတွက် အစိုးရထောက်ပံ့ကြေး လျှောက်ထားမှုများ ပိုမိုများပြားလာကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းမှ ဩဂုတ်လအထိ အလုပ်လက်မဲ့အတွက် အစိုးရထောက်ပံ့ကြေး လျှောက်ထားသူ အရေအတွက် စုစုပေါင်း ၆၂၇,၀၀၀ ရှိပြီး ယမန်နှစ်အလားတူကာလကထက် ၄.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ထိုပမာဏမှာ ဖေဖော်ဝါရီလမှ စ၍ ခုနစ်လ ဆက်တိုက် မြင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါလများတွင် အလုပ်လက်မဲ့အတွက် အစိုးရထောက်ပံ့ကြေးများ၏ စုစုပေါင်းပေးချေရမှုမှာ ဝမ် ၁.၀၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၈၈.၉သန်း) ရှိပြီး ၆.၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

တစ်ဦးချင်းပေးချေမှုတွင် ပြီးခဲ့သည့်လက ဝမ် ၁,၆၇၀,၀၀၀ (ဒေါ်လာ ၁,၂၅၀) ရှိပြီး ၂.၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
S. Korea’s jobless claims rise 7.2 pct in August
SEOUL, Sept. 11 (Xinhua) — South Korea’s jobless claims rose last month amid the lingering worry about economic downturn, labor ministry data showed Monday.
The number of new applicants for job-seeking benefits stood at 87,000 in August, up 7.2 percent from a year earlier, according to the Ministry of Employment and Labor.
The benefit applicants expanded in the manufacturing, the construction and the education services industries.
The number of the benefit receivers totaled 627,000 in August, up 4.1 percent from a year earlier. It kept an upward trend for the seventh straight month since February.
The total payment of job-seeking benefits gained 6.3 percent to 1.05 trillion won (788.9 million U.S. dollars) in the cited month.
The per-capita payment added 2.1 percent to 1,670,000 won (1,250 dollars) last month. Enditem
People walk on the street around the Seomun Market in Daegu, South Korea, March 17, 2020. (Photo by Lee Sang-ho/Xinhua)