Connect with us

Media

ဆယ်စုနှစ်ကြာ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီးနောက် အီဂျစ်နှင့်တူရကီ သမ္မတများ သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

ကိုင်ရို ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi သည် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန်နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေစဉ်အတွင်း စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ သမ္မတရုံး၏ ထုတ်ပြန်မှုအရ သမ္မတနှစ်ဦးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနည်းလမ်းအသီးသီးကို ပြန်လည်စတင်ရန် နှစ်နိုင်ငံအကြား ဆက်ဆံရေး မြှင့်တင်ရေး၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ကြကြောင်း ထိုသို့တွေ့ဆုံမှုမှာ အီဂျစ်နိုင်ငံသမ္မတဟောင်း မိုဟာမက်မော်စီသည် ၂၀၁၃ ခုနှစ် ဇူလိုင်လက ဖြုတ်ချခံရပြီး တူရကီကျောထောက်နောက်ခံပြုထားသည့် ၎င်း၏ Muslim Brotherhood အုပ်စုအား တရားမဝင်ကြောင်း ကြေညာကာ သံအမတ်များကို အပြန်အလှန် နှင်ထုတ်ရန် နှစ်နိုင်ငံက ကြိုးပမ်းခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် ယိုယွင်းခဲ့ပြီးချိန်မှစ၍ သမ္မတနှစ်ဦးအကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။

မေလနှောင်းပိုင်းတွင် အီဂျစ်သမ္မတ Sisi နှင့် တူရကီသမ္မတအာဒိုဂန်တို့က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အဆင့်မြှင့်တင်ရေး နှင့် သံတမန်များ အပြန်အလှန်ထားရှိရေး သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Egyptian, Turkish presidents hold historic meeting after decade-long diplomatic boycott
Egyptian President Abdel-Fattah al-Sisi met on Sunday with his Turkish counterpart Recep Tayyip Erdogan on the sidelines of the summit of the Group of 20 in New Delhi, India.
According to a statement from the Egyptian presidency, the two leaders stressed the importance of advancing relations between the two countries to resume various mechanisms of bilateral cooperation.
It is the first meeting between the two leaders since bilateral relations turned sour after former Egyptian President Mohamed Morsi was ousted in July 2013 and his Türkiye-backed Muslim Brotherhood group outlawed, prompting the two countries to expel each other’s ambassadors.
In late May, Sisi and Erdogan agreed to upgrade the two countries’ diplomatic relations and exchange ambassadors.
Xinhua News Agency correspondents reporting from Cairo.(XHTV)