Connect with us

China

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ရောင်းချမှုမှာ ဩဂုတ်လတွင် ၈.၄ ရာခိုင်နှုန်းမြင့်တက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျိုကျိုးမြို့ရှိ ထောက်ပံ့သယ်ပို့လုပ်ငန်းဥယျာဉ်၌ စွမ်းအင်သစ်သုံးမော်တော်ယာဉ်များအား စစ်ဆေးနေသူများကို ၂၀၂၁ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ရောင်းချမှုမှာ ဩဂုတ်လအတွင်း အစီးရေ ၂.၅၈၂ သန်းအထိ ရောက်ရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၈.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ် မော်တော်ကားထုတ်လုပ်သူများအသင်းက စက်တင်ဘာ ၁၁ ရက် အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုသည် ယခင်လက အစီးရေ ၂.၅၇၅ သန်း အထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ယခုနှစ် ပထမ ၈ လအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ ၇.၄ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း စသဖြင့် အသီးသီးမြင့်တက်လာခဲ့ပြီး ယခုနှစ် ပထမ ၇ လအတွင်း တိုးတက်မှုများနှင့် တန်းတူဖြစ်ကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်သစ်သုံးမော်တောယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းချမှုများအနေဖြင့်လည်း ၂၂ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China’s vehicle sales up 8.4 pct in August

BEIJING, Sept. 11 (Xinhua) — China’s vehicle sales rose 8.4 percent year on year to 2.582 million units in August, data from the China Association of Automobile Manufacturers showed Monday.
The country’s vehicle output climbed 7.5 percent year on year to 2.575 million units last month.
During the first eight months, vehicle production and sales grew 7.4 percent and 8 percent, respectively, generally on par with the growths observed in the first seven months.
Monday’s data also showed that the production and sales of new energy vehicles surged 22 percent and 27 percent respectively.
Photo: Workers check new-energy vehicles at a logistics park in Liuzhou, south China’s Guangxi Zhuang Autonomous Region, March 8, 2021. (Photo by Li Hanchi/Xinhua)