Connect with us

China

CPC အကြီးတန်းအရာရှိ G77+China ထိပ်သီးအစည်းအဝေး သို့တက်ရောက်ရန် ကျူးဘား၊ ဘရာဇီး၊ အီဂျစ်သို့ သွားရောက်မည်

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့ရှိ လမ်းတစ်ခုပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေကြသူများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်က တွ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်တွင် G77 ၏ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel Bermudez ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်လီရှီးက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ဟာဗားနားမြို့တွင် ကျင်းပမည့် G77+ တရုတ်ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း CPC ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာနနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ကျူးဘားကွန်မြူနစ်ပါတီ၊ ဘရာဇီးအစိုးရနှင့် ဘရာဇီးအလုပ်သမားပါတီ၊ အီဂျစ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် Nation’s Future ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ Abdel-Wahab Abdel-Razeq တို့၏ ဖိတ်ကြားချက်အရ CPC စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ အတွင်းရေးမှူးလည်းဖြစ်သည့် လီက စက်တင်ဘာ ၁၆ ရက်မှ ၂၆ ရက်အထိ အဆိုပါ ၃ နိုင်ငံသို့ တရားဝင်ခရီးစဉ်များသွားရောက်ရန် CPC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Senior CPC official to attend G77+China Summit, visit Cuba, Brazil, Egypt
BEIJING, Sept. 12 (Xinhua) — At the invitation of Cuban President Miguel Diaz-Canel Bermudez, whose country holds the presidency of the Group of 77 (G77) this year, Li Xi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, will attend the G77+China Summit in Havana as the special representative of Chinese President Xi Jinping from September 14 to 16, according to the International Department of the CPC Central Committee and the Chinese foreign ministry.
At the invitation of the Communist Party of Cuba, the Brazilian government and the Workers’ Party of Brazil, and Speaker of the Egyptian Senate and Chairman of the Nation’s Future Party Abdel-Wahab Abdel-Razeq, Li, who is also secretary of the CPC Central Commission for Discipline Inspection, will lead a CPC delegation to pay official visits to the above-mentioned three countries from September 16 to 26. Enditem
Photo: People wearing face masks are seen on a street in Havana, Cuba, July 9, 2021. (Photo by Joaquin Hernandez/Xinhua)