Connect with us

China

တရုတ်နိုင်ငံ ရှမန်မြို့တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ သဘောတူစာချုပ် ၆၀၀ ကျော် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ပြုလုပ်သော ၂၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ (CIFIT) မြင်ကွင်းကို ၂၀၂၃ ခုနစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပြီးစီးခဲ့သော ၂၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ (CIFIT) အတွင်း စီမံကိန်း ၆၃၈ ခုကို သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်များတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၄၈၄.၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆.၄၂ ဘီလီယံခန့်) ရှိပြီး ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် ကနဦးအချက်အလက်များ၌ ဖော်ပြထားသည်။

လေးရက်ကြာကျင်းပခဲ့သော အဆိုပါ ကုန်စည်ပြပွဲကို “ပွင့်လင်းမှုနှင့် ပေါင်းစည်းမှု – အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်စို့” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ပြပွဲအတွင်း ဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ ပြပွဲများနှင့် စီးပွားရေးတွေ့ဆုံချိတ်ဆက်ခြင်းအစီအစဉ်များ ပါဝင်ခဲ့သည်။

ယခုနှစ်ပြပွဲသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်မှု၊ အစိမ်းရောင်နှင့် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ကျေးလက်ဒေသ ကောင်းမွန်စွာတိုးတက်ရေး စသည်တို့ကို ထူးခြားစွာ စုစည်းကျင်းပခြင်းဖြစ်သည်။

ထိုကုန်စည်ပြပွဲသို့ ကမ္ဘာတစ်ဝန်းမှ အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း ၁,၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သော CIFIT ပြပွဲသည် နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

……………………………
(English Version)
Over 600 deals signed at int’l investment fair in China’s Xiamen
XIAMEN, Sept. 11 (Xinhua) — Agreements on 638 projects were inked during the 23rd China International Fair for Investment and Trade (CIFIT), which concluded on Monday in Xiamen, east China’s Fujian Province.
The deals involved a total investment of 484.57 billion yuan (about 66.42 billion U.S. dollars), a five-year high, preliminary data showed on Monday.
The four-day event, themed “Open and Integrated: Key to High-Quality Development,” encompassed a range of activities such as forums, seminars, exhibitions and business-matching sessions.
This year’s event had a distinct focus on the digital economy, intelligent manufacturing, green and low-carbon development, and rural revitalization.
More than 1,000 organizations and enterprises from all over the world participated in the exhibitions.
Launched in 1997, CIFIT has become an important platform to boost bilateral investment and facilitate global development.
Photo- This photo taken on Sept. 8, 2023 shows a view of the 23rd China International Fair for Investment and Trade (CIFIT) in Xiamen, east China’s Fujian Province. (Xinhua/Lin Shanchuan)