Connect with us

China

တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အားသွင်းနေရာများ ဩဂုတ်လအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်၊ ရှုံ့အန်းနယ်မြေသစ်ရှိ အားသွင်းနေရာတစ်ခုတွင် စက်ရုပ်မှတစ်ဆင့် အားသွင်းနေသော လျှပ်စစ်မော်တော်ယာဉ်တစ်စီးကို ၂၀၂၂ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ လျှပ်စစ်ကားများ (EVs) အတွက် အများပြည်သူသုံး အားသွင်းတိုင်အသစ်များကို ဩဂုတ်လအတွင်း တည်ငြိမ်စွာ တိုးချဲ့လာနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သော ယင်းလုပ်ငန်းနှင့်ဆက်စပ်သော အချက်အလက်များ၌ ဖော်ပြထားသည်။

အများပြည်သူသုံး အားသွင်းတိုင် ၆၁,၀၀၀ ခန့်ကို ယခင်လက ထပ်မံဖြည့်စွက်ခဲ့ပြီး ယင်းပမာဏမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၉.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရုတ် လျှပ်စစ်ကားအားသွင်းရေး အခြေခံအဆောက်အအုံမြှင့်တင်မှုမိတ်ဖက်အဖွဲ့က ပြောခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ တစ်လလျှင် ပျမ်းမျှအားဖြင့် လျှပ်စစ်ကားအားသွင်းတိုင်အသစ် ၅၄,၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

လျှပ်စစ်ကားအားသွင်းတိုင်များ လျင်မြန်စွာ တိုးတက်လာရခြင်းမှာ နိုင်ငံအတွင်း စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ကဏ္ဍ ပွင့်လန်းလာခြင်းကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံသည် NEV ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ယခုနှစ်အတွင်း NEV ရောင်းအားကို အစီးရေ ၉ သန်းအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း၊ ယင်းပမာဏမှာ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း စက်တင်ဘာအစောပိုင်း၌ ထုတ်ပြန်သော လုပ်ငန်းအစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် NEV အစီးရေ ၆.၈၉ သန်းခန့် ရောင်းချနိုင်ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၉၃.၄ ရာခိုင်နှုန်းများပြားခဲ့သည်။ တရုတ်နိုင်ငံ၏ မော်တော်ကားဈေးကွက်၌ NEVs ဈေးကွက်ဝေစုမှာ ၂၀၂၂ ခုနှစ်က ၂၅.၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၁၂.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s EV charging points see steady expansion in August
BEIJING, Sept. 11 (Xinhua) — New public-charging piles for electric vehicles (EVs) in China saw stable expansion in August, industry data showed Monday.
Some 61,000 public charging piles were added last month, increasing 39.9 percent from the same period last year, said the China Electric Vehicle Charging Infrastructure Promotion Alliance.
From September 2022 to August 2023, around 54,000 new piles were built on average each month, said the alliance.
The rapid growth in charging facilities is in line with the country’s booming new energy vehicle (NEV) sector.
In its latest move to boost NEV development, China said it aims to bring this year’s NEV sales to 9 million units, an increase of 30 percent year on year, according to a work plan unveiled in early September.
China sold about 6.89 million NEVs in 2022, up 93.4 percent year on year. The market share of NEVs in China’s auto market reached 25.6 percent in 2022, up 12.1 percentage points from 2021.
Photo: An electric vehicle gets charged via a robot at a charging station in Xiong’an New Area, north China’s Hebei Province, March 18, 2022. (Xinhua/Zhu Xudong)