Connect with us

China

တရုတ်အမှတ်တံဆိပ် ခရီးသည်တင်ကား ရောင်းအား ဇန်နဝါရီလမှ ဩဂုတ်လအတွင်း မြင့်တက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ စွမ်းအင်သစ်သုံးမော်တော်ယာဉ်စက်ရုံ လုပ်ငန်းခွင်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ယခုနှစ် ပထမရှစ်လအတွင်း တရုတ်အမှတ်တံဆိပ် ခရီးသည်တင်ကားများ ရောင်းချမှုမှာ အစီးရေ ၈.၄၈ သန်း ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၁.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ယင်းလုပ်ငန်းမှ အချက်အလက်များ၌ ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ၎င်းကားများ၏ ဈေးကွက်ဝေစုမှာ ၅၄.၂ ရာခိုင်နှုန်း ရှိခဲ့ရာ ၂၀၂၂ ခုနှစ် ကာလတူထက် ၆.၅ ပွိုင့် ပိုမိုမြင့်မားခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းအရ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၌ ဩဂုတ်လ တစ်လတည်းတွင် ပြည်တွင်းထုတ် ခရီးသည်တင်မော်တော်ကား ရောင်းချမှုမှာ ၁.၂၉ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၅.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ထိုရောင်းအားပမာဏမှာ တရုတ်နိုင်ငံရှိ ယခင်လ စုစုပေါင်း ခရီးသည်တင်မော်တော်ကား ရောင်းချမှု၏၅၆.၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Chinese-brand passenger car sales up 21.2 pct in January-August
BEIJING, Sept. 16 (Xinhua) — Chinese-brand passenger car sales surged 21.2 percent year on year in the first eight months of this year to 8.48 million units, industry data showed.
The market share of such vehicles hit 54.2 percent in the period, 6.5 percentage points higher than the same period of 2022, according to the China Association of Automobile Manufacturers.
In August alone, 1.29 million domestic-brand passenger cars were sold in China, soaring 25.6 percent year on year.
The sales accounted for 56.8 percent of the country’s total passenger car sales last month, the data revealed.
Photo: Photo taken on Aug. 28, 2022 shows a complete vehicle production line at a new energy vehicle factory in Hefei, east China’s Anhui Province. (Photo by Xie Chen/Xinhua)