Connect with us

China

တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၆၇.၉ ဘီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းရှိ နန်နင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်း ပြသထားသော ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအတွင်း ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အရေအတွက် စံချိန်တင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၄၈၇.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၇.၉ ဘီလီယံခန့်) ဖြင့် စီမံကိန်း ၄၇၀ အတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှု၏ ၆၅ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။

သဘောတူစာချုပ်အရေအတွက်၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ စုပေါင်းရင်းနှီးမြှုပ်နှံမှုများမှာ ယခုနှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူများက ပြောခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်း ၂,၀၀၀ နီးပါး ပါဝင်ခဲ့ကြသည်။ ၎င်းပမာဏသည် ယခင်နှစ် ကုန်စည်ပြပွဲထက် ၁၈.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Investment deals totaling 67.9 bln USD signed at China-ASEAN Expo

NANNING, Sept. 17 (Xinhua) — A record number of investment deals were inked during a signing ceremony at the 20th China-ASEAN Expo on Sunday in Nanning, the capital of south China’s Guangxi Zhuang Autonomous Region.
Organizers said the ceremony saw deals signed for 470 projects with a combined investment of 487.3 billion yuan (about 67.9 billion U.S. dollars). Over 65 percent of that investment came from deals in the manufacturing sector.
The number of deals, the total investment figure and the manufacturing sector’s share of the total investment have already hit record highs this year, organizers said.
The 20th China-ASEAN Expo opened on Saturday, with nearly 2,000 enterprises in attendance. Participation is up 18.2 percent from last year’s expo.
Photo- A helicopter is displayed during the 20th China-ASEAN Expo at Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2023. (Xinhua/Zhou Hua)