Connect with us

China

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၁၀၉ ဦး အား တရုတ်နိုင်ငံသို့ ထပ်မံ လွှဲပြောင်းပေး

ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းစဉ်

ယူနန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှုများ ဖြစ်ပွားနေမှုကို ပြတ်သားစွာ တားဆီးရန်အတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနများသည် နယ်စပ်ဒေသရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြီး တိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာတွင် ပြစ်မှုကျူးလွန်သည့် သံသယတရားခံ ၁,၄၈၂ ဦးကို တရုတ်နိုင်ငံဘက်သို့ ရှေ့ဆင့်နောက်ဆင့် လွှဲပြောင်းပေးခဲ့သည်။

ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းစဉ်

ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းစဉ်

စက်တင်ဘာ ၁၆ ရက်တွင် ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုရလဒ်များ ရရှိခဲ့ပြီး ယူနန်ပြည်နယ် ဖူအော် ပြည်သူ့လုံခြုံရေးဌာနက နယ်စပ်ဒေသ ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံ ၁၀၉ ဦး၊ အမှုနှင့်ဆက်စပ်သော ပစ္စည်းများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့အနက် တရားခံပြေး ၁၁ ဦး ပါဝင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ပြစ်မှုတိုက်ဖျက်ရေးအရှိန်အဟုန်ကို အဆက်မပြတ် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ရာ ယခင်က အရှေ့တောင်အာရှနိုင်ငံများတွင် ခိုအောင်းနေသည့် ဆက်သွယ်ရေး အွန်လိုင်း ပြစ်မှုကျူးလွန်သည့်အဖွဲ့များက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသကို ရွှေ့ပြောင်းလာခဲ့ကြောင်း၊ အဓိကအားဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၊ ဖူအော်၊ လျင်ချန်း၊ တက်ဟုန်း စသည့် နေရာများနှင့်ဆက်စပ်နေသည့် မြန်မာနိုင်ငံဘက်တွင် ခြေကုပ်ချနေခဲ့ကြောင်း သိရသည်။

ထို့အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက အထူးအလေးထားရာ ယူနန် စသည့် ဒေသပြည်သူ့လုံခြုံရေးဌာနများနှင့် စုစည်းသုံးသပ်မှုများ ပြုခဲ့ပြီး တိုက်ဖျက်ရေးယန္တရားသစ်များကို ဆန်းသစ်ခြင်း၊ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ခြင်း ၊ ဘက်ပေါင်းစုံမှ ပြစ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို တွန်းအားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ လှုပ်ရှားမှုများပြုလုပ်သည့်အချိန်မှစ၍ ရှစ်ဆောင်ပဏ္ဏား၊ ဖူအော် စသည့် ဒေသပြည်သူ့လုံခြုံရေးဌာနများ၏ မဆုတ်မနစ် ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၁,၄၈၂ ဦးကို တရုတ်နိုင်ငံသို့ ရှေ့ဆင့်နောက်ဆင့် လွှဲပြောင်းပေးနိုင်ခဲ့ရာ ၎င်းတို့အနက် တရားခံပြေး ၅၈ ဦး ပါဝင်ကြောင်း သိရသည်။

ထိုအပေါ်တွင် အခြေခံပြီး ဖူအော် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ပြစ်မှုတိုက်ဖျက်ရေးရလဒ်များကို ဆက်လက်ခိုင်မာအားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
又一批109名缅北电信网络诈骗犯罪嫌疑人集中移交我方
为坚决遏制缅北涉我电信网络诈骗犯罪高发态势,公安部部署云南公安机关强化边境警务合作,持续开展多轮次打击行动,先后有1482名涉诈犯罪嫌疑人移交我方。9月16日,打击行动再传捷报,云南普洱公安机关持续开展边境警务合作,又有109名电信网络诈骗犯罪嫌疑人和一批作案工具移交我方,其中网上在逃人员11名,形成持续打击态势。
近年来,随着我国公安机关打击力度不断加大和国际执法合作持续深化,以往潜藏于东南亚国家的电信网络诈骗犯罪团伙逐渐向缅北地区转移,主要盘踞在与我国云南西双版纳、普洱、临沧、德宏等地相邻的缅甸一侧。公安部对此高度重视,组织云南等地公安机关加强分析研判,创新打法机制,强化警务合作,综合采取多种措施推动打击工作。行动开展以来,在西双版纳、普洱等地公安机关的不懈努力下,先后有1482名缅北涉诈犯罪嫌疑人移交我方,其中网上在逃人员58名,有力挤压了境外涉诈犯罪生存空间。在此基础上,普洱公安机关进一步加强与缅甸相关地方执法部门的警务合作,不断把行动推向深入,持续巩固和扩大了战果。
图为涉诈犯罪嫌疑人移交我方。