Connect with us

China

တရုတ်နိုင်ငံ၏ ဖူအော်မြို့ရှိ ရှေးဟောင်းလက်ဖက်တောများကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဖူအော်မြို့ရှိ ကျင်မိုက်တောင်တန်း၊ ရှေးဟောင်း လက်ဖက်တောဧရိယာတွင် လက်ဖက်ခူးဆွတ်နေသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဖူအော်မြို့၊ ကျင်မိုက်တောင်ရှိ ရှေးဟောင်း လက်ဖက်တောများ၏ ယဉ်ကျေးမှုဆိုင်ရာရှုမြင်ကွင်းများကို ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းတွင် စက်တင်ဘာ ၁၇ ရက်က ထည့်သွင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဖူအော်မြို့ရှိ ကျင်မိုက်တောင်တန်း၊ သစ်တောများနှင့် လက်ဖက်စိုက်ခင်းများဖြင့် ဝန်းရံထားသော ရိုးရာကျေးရွာတစ်ရွာကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ကျင်းပနေသော ၄၅ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံက အမည်စာရင်းတင်သွင်းထားသော အဆိုပါနေရာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက စစ်ဆေးသုံးသပ်ခဲ့ကာ ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုစာရင်း၌ ဖြည့်သွင်းခဲ့ခြင်းကြောင့် ၎င်းနေရာသည် တရုတ်နိုင်ငံ၏ ၅၇ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်လာခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လန်ချန်း (လားဟူ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ကျင်မိုက်တောင်ရှိ ရှေးဟောင်း လက်ဖက်တောနှင့် ဆက်စပ်သော ယဉ်ကျေးမှု ရှုမြင်ကွင်းများ၏ ယနေ့ခတ်တည်ရှိမှုကို ကြီးမားသော အားအင်သစ်ဖြည့်တင်းပေးလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ ယဉ်ကျေးမှုဆိုင်ရာနှင့် သဘာဝဆိုင်ရာ အဆိုပြုနေရာ ၅၃ ခုကို စိစစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ဖြည့်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………

(English Version)
Old tea forests in China’s Pu’er listed as world heritage site
RIYADH, Sept. 17 (Xinhua) — The Cultural Landscape of Old Tea Forests of Jingmai Mountain in Pu’er, southwest China, was inscribed on the UNESCO World Heritage List on Sunday.
At its extended 45th session ongoing here in Riyadh, Saudi Arabia, the UNESCO World Heritage Committee examined the site nominated by China and added it to the list as a cultural property, making it China’s 57th World Heritage site.
The decision heralds the great vitality that lasts today of the old tea forests and related cultural landscape in Jingmai Mountain, Lancang Lahu Autonomous County of southwestern Yunnan Province.
The extended World Heritage Committee session was held from Sept. 10 to 25 to examine a total of 53 nominations of cultural, natural, and combined sites to the World Heritage List.
Photo 1: Farmers pick tea leaves at an old tea forest area of Jingmai Mountain in Pu’er, southwest China’s Yunnan Province, Sept. 14, 2023. (Xinhua/Hu Chao)
Photo 2: This aerial photo taken on Aug. 29, 2023 shows a traditional village surrounded by forests and tea gardens in Jingmai Mountain in Pu’er, southwest China’s Yunnan Province. (Xinhua/Li He)