Connect with us

China

တရုတ်-အာဆီယံ ဖိုရမ်တွင် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံရှိသော ထုတ်ကုန်ပစ္စည်းဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းရှိ နန်နင်း အပြည်ပြည်ဆိုင်ရာကွန်ဖရင့်နှင့် ပြပွဲစင်တာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ ထုတ်ကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်မှု တီထွင်ဆန်းသစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အတွင်း ကာလတန်ဖိုး ယွမ် ၂၉.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့်) ရှိသော ထုတ်ကုန်ပစ္စည်းဆိုင်ရာ သဘောတူစာချုပ် ၅ ခုကို စက်တင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များတွင် ဓာတ်ဆီ၊ စားအုံးဆီ၊ ကျောက်မီးသွေး၊ သတ္တုရိုင်းများ စသည့် ထုတ်ကုန်ပစ္စည်းများ ပါဝင်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။

ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုဖလှယ်ရာတွင် အားကောင်းလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ (ကွမ်ရှီး) ရှေ့ပြေး လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ထုတ်ကုန်ပစ္စည်းများ ကုန်သွယ်ရေးပလက်ဖောင်း တည်ဆောက်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ထုတ်ကုန်ပစ္စည်း တန်ချိန် ၁၂.၇၉ သန်း တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၈၁.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ယင်းဖိုရမ်သို့ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ကုန်သွယ်ရေး တာဝန်ရှိသူများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ သုတေသနအဖွဲ့များ၊ ထုတ်ကုန် ကုန်သွယ်ရေးပလက်ဖောင်းများနှင့် ထုတ်လုပ်သူများမှ ကိုယ်စားလှယ်များနှင့် ကုန်သည်များ အပါအဝင် လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
4.1 bln USD worth of commodity deals signed at China-ASEAN forum
NANNING, Sept. 18 (Xinhua) — The China-ASEAN Commodity Trading Innovation and Development Forum on Monday helped broker five commodity deals totaling 29.7 billion yuan (about 4.1 billion U.S. dollars).
The procurement deals cover commodities including petroleum, palm oil, coal, and ores, organizers said. The forum was held on Monday in Nanning, capital of south China’s Guangxi Zhuang Autonomous Region.↳
Guangxi has booming trade exchanges with the ASEAN countries. In recent years, the China (Guangxi) Pilot Free Trade Zone has accelerated the construction of a commodity trading platform. From January to July, the free trade zone imported 12.79 million tonnes of commodities, a year-on-year increase of 81.2 percent.↳
More than 200 people from China and ASEAN countries, including commodity trade authorities, business associations, research institutions, representatives of commodity trading platforms and producers and traders, attended the forum.
Photo: This photo taken on Sept. 17, 2023 shows the Nanning International Conference and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhou Hua)