Connect with us

Media

တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုများ တိုးလာချိန်တွင် အသီးအနှံကုန်သွယ်မှု တိုးတက်အောင်မြင်

ဖိန်ရှန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဆီယံနှင့် ကုန်းလမ်းနှင့်ပင်လယ်ရေကြောင်းဖြင့် ချိတ်ဆက်ထားသည့် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ အာဆီယံနိုင်ငံများနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံမှုများအား တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နယ်စပ်ရှိ ဖိန်ရှန်ဆိပ်ကမ်း၌ နှစ်နိုင်ငံလုံးမှ ကုန်တင်ကားများသည် အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ရန် စီတန်းလျက် ရှိနေကြကြောင်း သိရသည်။

ယင်းစစ်ဆေးရေးဂိတ်မှတစ်ဆင့် တန်နှင့်ချီသော ဒူးရင်းသီး ၊ မင်းကွတ်သီး နှင့် အခြားအပူပိုင်း ဒေသထွက် သီးနှံများသည် တရုတ်နိုင်ငံသို့ ရောက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်ဈေးကွက်၌ ရောင်းချနေသော ဒူးရင်းသီးအများစုမှာ အရှေ့တောင်အာရှမှ တင်သွင်းခြင်း ဖြစ်သောကြောင့် ယင်းအသီးအနှံများသည် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်အလားအလာနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်ခြင်း၏ ထင်ရှားသောသင်္ကေတတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Fruit trade flourishes amid growing China-ASEAN cooperation
Connected with the Association of Southeast Asian Nations (ASEAN) by land and sea, China’s Guangxi Zhuang Autonomous Region has built closer economic ties with ASEAN countries amid China’s wider opening-up.
At Pingxiang Port, which borders Vietnam, trucks from both countries line up for customs clearance.
Through the checkpoint, tonnes of durians, mangosteens and other tropical fruits arrive in China and will be distributed across the country.
As the vast majority of durians sold in the Chinese market are imported from Southeast Asia, the “king of fruits” has emerged as a prominent symbol of the booming China-ASEAN cooperation and China’s vast market potential.
Xinhua News Agency correspondents reporting from Pingxiang, China.(XHTV)