Connect with us

China

တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်တွင် နိုင်ငံအဆင့် e-commerce သရုပ်ပြအခြေစိုက်နေရာ ၁၆ ခု ဖွင့်လှစ်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချောင်ရှန့်ခရိုင်၊ အခြေစိုက်စခန်းတွင် တရုတ်ရိုးရာ ဟန့်ဖူ အဝတ်အထည်များကို အွန်လိုင်းတိုက်ရိုက်ရောင်းချနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း နိုင်ငံအဆင့် e-commerce သရုပ်ပြနေရာများအဖြစ် e-commerce ဥယျာဉ် ၁၆ ခု ထပ်မံ စာရင်းသွင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေးသည် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းအတွက် အားကောင်းသော တွန်းအားအဖြစ် ပံ့ပိုးပေးလျက်ရှိကာ စီးပွားရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၌ e-commerce ကဏ္ဍ၏ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Chen Chunjiang က နိုင်ငံအဆင့် e-commerce ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

E-commerce ကဏ္ဍသည် ဒစ်ဂျစ်တယ် စီးပွားရေးတွင် အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှုပမာဏနှင့် အကျယ်ပြန့်ဆုံး လွှမ်းခြုံမှုအဖြစ် မြှင့်တင်ပေးလျက်ရှိကြောင်း Chen က ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ယွမ် ၅၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၉၆ ထရီလီယံခန့်) ကျော်လွန်ကာ ဂျီဒီပီ၏ ၄၁.၅ ရာခိုင်နှုန်း ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ e-commerce နှင့် ဆက်စပ်သောကဏ္ဍများက အလုပ်အကိုင် သန်း ၇၀ ခန့် ဖန်တီးပေးခဲ့ပြီး နိုင်ငံတစ်ဝန်း အွန်လိုင်း လက်လီရောင်းချမှုများအနေဖြင့်လည်း ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် ရှိကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China to add 16 national e-commerce demonstration bases in 2023: ministry
BEIJING, Sept. 3 (Xinhua) — China’s Ministry of Commerce announced Saturday that 16 more e-commerce parks will be listed as national e-commerce demonstration bases this year.
Speaking at a national e-commerce conference, Chen Chunjiang, assistant minister of commerce, said that the digital economy has provided a strong impetus for Chinese modernization and highlighted the vital role of the e-commerce sector in the economy and the country’s development.
The e-commerce sector boasts the largest development scale and the widest coverage in the digital economy, said Chen.
Official data showed that China’s digital economy exceeded 50 trillion yuan (about 6.96 trillion U.S. dollars) for the first time in 2022, accounting for 41.5 percent of GDP.
The e-commerce-related sectors in the country have created approximately 70 million jobs, and nationwide online retail sales have ranked first globally for ten consecutive years, the data showed.
Photo: A woman promotes traditional Chinese Hanfu clothing via livestreaming at a Hanfu base in Caoxian County, east China’s Shandong Province, July 6, 2023. (Xinhua/Guo Xulei)