Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ၁၈ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့တွင် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ၁၈ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က စက်တင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။

ကမ္ဘာ့စီးပွားရေးက အကျဘက်သို့ရောက်ရှိနေသလို ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကလည်း အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကဖိုရမ်အဖြစ် G20 အစည်းအဝေးက မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းမှုရှိစေရေး၊ နိုင်ငံတကာ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထင်ရှားသောစိန်ခေါ်မှုများကို ကိုင်တွယ်ရန် အတူတကွဆောင်ရွက်ရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် တိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ဆောင်ရွက်ရေး စသည်တို့ လုပ်ဆောင်ရမည်ဖြစ်သည်။

“နယူးဒေလီမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးက ဒီအရာတွေအပေါ် သဘောတူညီချက် တည်ဆောက်တာ၊ ယုံကြည်မှု ဆောင်ကြဉ်းပေးတာနဲ့ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်ပေးမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု မော်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese premier to attend 18th G20 Summit
BEIJING, Sept. 4 (Xinhua) — At the invitation of the government of the Republic of India, Premier of China’s State Council Li Qiang will attend the 18th G20 Summit to be held in New Delhi, India on Sept. 9 and 10, foreign ministry spokesperson Mao Ning announced Monday.
At a time when the world economy is under increasing downward pressure and global sustainable development is facing more difficulties, the G20, as the main forum for international economic cooperation, should strengthen partnership, work together to address prominent challenges in the international economy and development, and make positive contributions to promoting the recovery and growth of the world economy and global sustainable development.
“China hopes that the G20 Summit in New Delhi will build consensus on this, convey confidence and jointly promote prosperity and development,” Mao added.