Connect with us

Media

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ တောင်သူများ သခွားမွှေးသီး အများအပြားခူးဆွတ်

ဝူးလူမုချီ ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yiwu ခရိုင် Naomaohu မြို့၌ ၄၀,၀၀၀ mu ကျော်(ဟက်တာ ၂,၆၆၇ ခန့်) ရှိသည့် သခွားမွှေးသီး များမှာ မကြာသေးမီက ခူးဆွတ် ရာသီသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Naomaohu မြို့သည် တရုတ်နိုင်ငံရှိ သခွားမွှေးသီး အများအပြား စိုက်ပျိုးထုတ်လုပ်သည့် နေရာတစ်ခု ဖြစ်သည်။

သခွားမွှေးသီး များအား ၂၀၀၁ ခုနှစ်တွင် Naomaohu မြို့၌ စတင်စိုက်ပျိုးခဲ့ပြီး မကြာသေးမီနှစ်များအတွင်း စံချိန်စံညွှန်း ပြည့်မီသော စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်းဖြင့် ထွက်ရှိမှုပမာဏနှင့်အရည်အသွေး နှစ်မျိုးလုံးတွင် ကြီးကြီးမားမား တိုးတက်လာခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် Naomaohu မြို့၏ သခွားမွှေးသီး ထွက်ရှိမှုသည် တန်ချိန် ၁၀၀,၀၀၀ အထိ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Farmers in China’s Xinjiang see bumper harvest of Hami melons
More than 40,000 mu (about 2,667 hectares) of Hami melons has recently entered harvest season in Naomaohu Town of Yiwu County, northwest China’s Xinjiang Uygur Autonomous Region.

The town is one of the largest production bases of late-ripening Hami melons in China.
Hami melon planting was introduced to the area in 2001. With the adoption of standardized planting techniques in recent years, its output and quality have both seen a great improvement.
This year, the output of Hami melons in Naomaohu Town is expected to reach 100,000 tons.
Xinhua News Agency correspondents reporting from Urumqi, China.(XHTV)