Connect with us

Asia

၄၃ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတွင် စည်းလုံးညီညွတ်မှုနှင့် အားလုံးပါဝင်မှုကို အလေးထားဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်းရှင်းစင်တာတွင် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးလိုဂိုအနီး ဖြတ်သန်းသွားသူတစ်ဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့ပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အားလုံးပါဝင်မှုကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လမ်းမပေါ်တွင် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ၌ ဝန်ဆောင်မှုပေးနေသော လျှပ်စစ်ကားကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဒေသတွင်းမှာ ခက်ခဲတဲ့အခြေအနေတွေအများကြီးရှိတာ ကျွန်တော်တို့အားလုံးလည်း သတိပြုမိကြပါတယ်။ ဒါပေမဲ့ အဲဒါတွေက ထိပ်သီးအစည်းအဝေးမှာ ကြိုးပမ်းလုပ်ဆောင်မှုတွေကိုတော့ ထိခိုက်ခွင့်မပြုနိုင်ပါဘူး” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်း တက်ကြွစွာပုံဖော်မှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် ဦးဆောင်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။
၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများကို ဂျကာတာမြို့တွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည်။ ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်သည်။

ထို့ပြင် ၂၆ ကြိမ်မြောက် ASEAN Plus Three ထိပ်သီးအစည်းအဝေး၊ ၁၈ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၊ တရုတ်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်း အသီးသီးနှင့် အာဆီယံကြား သီးခြားအစည်းအဝေးများကိုလည်း ကျင်းပမည်ဖြစ်သည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။ (Xinhua)

………………………………
(English Version)
43rd ASEAN Summit Foreign Ministers’ meeting emphasizes unity, inclusiveness
JAKARTA, Sept. 4 (Xinhua) — The Association of Southeast Asian Nations (ASEAN) Foreign Ministers’ Meeting of the 43rd ASEAN summit convened here on Monday, with an emphasis on ASEAN’s unity and inclusiveness.
“We are all aware of many difficult circumstances in the region. But we cannot allow them to affect our hard work in the Summit,” said Indonesian Foreign Minister Retno Marsudi in the opening remarks, adding that ASEAN continues taking a lead in shaping regional dynamics and ensuring peace and inclusiveness in the region.
The 43rd ASEAN Summit and related summits are scheduled to be held in Jakarta from Tuesday to Thursday, with Indonesia holding this year’s ASEAN chairmanship.
Besides, the 26th ASEAN Plus Three Summit, the 18th East Asia Summit, and ASEAN’s one-on-one summits with various countries and organizations including China, the United States, Japan, South Korea, Australia, Canada, the United Nations, and others, are also listed on the agenda.
ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
Photo 1: People walk past a spherical display showing the logo of the 43rd ASEAN Summit at Jakarta Convention Center in Jakarta, Indonesia, Sept. 4, 2023. (Xinhua/Veri Sanovri)
Photo 2: An electric car serving the 43rd ASEAN Summit and related summits is seen on the street in Jakarta, Indonesia, Sept. 4, 2023. (Xinhua/Veri Sanovri)