Connect with us

Media

အာဆီယံ ထိပ်သီး အစည်းအဝေး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပ ၊ ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အဓိကထား ဆွေးနွေး

ဂျကာတာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများကို စက်တင်ဘာ ၅ ရက်က ဂျကာတာမြို့တွင် စတင်ခဲ့ကြရာ ဒေသတွင်းအား စီးပွားဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖြစ် တည်ဆောက်ရန် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံအနေဖြင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားရန်နှင့် အခြားမည်သည့် အင်အားကြီးနိုင်ငံ၏ ကိုယ်စားလှယ်မလုပ်ရန် တိုက်တွန်းကြောင်း ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတူ လိုက်ပါကြတဲ့ အာဆီယံဆိုတဲ့ သင်္ဘောကြီးက အပြန်အလှန် ပျက်စီးအောင် တိုက်ခိုက်ယှဉ်ပြိုင်ရတဲ့နေရာ မဖြစ်သင့်ပါဘူး။ ဒေသတွင်းအတွက်သာမက ကမ္ဘာအတွက်ပါ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဖန်းတီးမှုရှိတဲ့ အခြေခံအဖြစ် တည်ဆောက်ရမှာ ဖြစ်ပါတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။

လာမည့် ၃ ရက်တာ ကာလတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များက အာဆီယံ၏ အနာဂတ်ကို အသိုက်အဝန်းတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ရေးဆွဲရေးကိစ္စရပ်များ ဆွေးနွေးကြမည်ဟု မျှော်မှန်းရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကြာကာလတွင် အာဆီယံ၏ နှစ်စဉ် ပျမ်းမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၃.၉၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းမှာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ၂.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ကြောင်း အာဆီယံ၏အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

………………………………..
(English Version)
ASEAN summit kicks off in Jakarta with focus on regional economic growth
JAKARTA, Sept. 5 (Xinhua) — The 43rd Association of Southeast Asian Nations (ASEAN) Summit and related summits kicked off here on Tuesday, with the focus on establishing the region as an epicenter of economic growth.
Addressing the opening ceremony, Indonesian President Joko Widodo, whose country is holding the rotating ASEAN chair this year, urged ASEAN to stay united and not be a proxy to any power.
“Don’t make our ship, ASEAN, become an arena of rivalry that causes damages to each other. Make our ship the foundation to build cooperation and create prosperity, stability and peace, not only for the region but also for the world,” he said.
During the next three days, leaders of ASEAN member nations are expected to discuss issues that would chart the future of ASEAN as a community and an institution.
In the past decade, ASEAN’s average annual growth reached 3.98 percent, above the global economic growth of 2.6 percent, showed ASEAN data.
1. 这是9月1日在印度尼西亚雅加达街头拍摄的一处东盟峰会标志。