Connect with us

Asia

ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်က တရုတ်-လာအို စီးပွားရေးစင်္ကြံရှိ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဒုတိယအကြိမ်မြောက် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသော လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithoune (ဝဲဘက် ၇ ယောက်မြောက်) နှင့် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ (ယာဘက် ၇ ယောက်မြောက်) တို့အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ပြီး တရုတ်-လာအို စီးပွားရေးစင်္ကြံရှိ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူစာချုပ်များစွာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်၌ ဆင်ဟွာသတင်းအေဂျင်စီ၏ ဌာနခွဲတစ်ခုဖြစ်သော တရုတ်စီးပွားရေး သတင်းအချက်အလက်ဝန်ဆောင်မှုက ခေတ်သစ်တွင် တရုတ်-လာအို စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်ဟူ၍ ခေါင်းစဉ်ပေးထားပြီး ဘာသာစကားနှစ်မျိုးဖြင့် ရေးသားထားသော အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ်မြောက် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသော ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ Fu Hua ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းအစီရင်ခံစာတွင် တရုတ်-လာအို စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုများကို အကျဉ်းချုပ်ဖော်ပြထားပြီး တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား အဓိကကျသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ သရုပ်ဖော်ပြသထားသလို နှစ်နိုင်ငံကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံရပ်ခြားအခွင့်အလမ်းများအား ကြိုတင်ခန့်မှန်းထားကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော Belt and Road Portal က တရုတ်-လာအို စီးပွားရေးစင်္ကြံ ဝက်ဘ်ဆိုက်စာမျက်နှာကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး လာအိုသတင်းအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။
Chinese Times (လာအို) ၏ ဘာသာစကားနှစ်မျိုးဖြင့် ဖော်ပြသော Silk Road Express ကဏ္ဍကို တရားဝင်ဖွင့်လှစ်ခဲ့ရာ ယင်းကဏ္ဍတွင် ဒေသခံများအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများ တိုးတက်မှုနှင့် တရုတ်-အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ပူးပေါင်းဆောင်ရွက်ရေးတိုးတက်မှုဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယိုအချက်အလက်များကို လာအိုနှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါဖိုရမ်တွင် ပါဝင်တက်ရောက်သော တရုတ်နှင့် လာအို စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများက ငွေကြေး၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် Industrial and Commercial Bank of China (ICBC) က လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုကော်မတီ ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ China Mobile International Limited က KLS Sole Laos Limited နှင့် လာအိုနိုင်ငံတွင် အွန်လိုင်းအော်ပရေတာစီးပွားရေးနှင့် cloud ဒေတာစင်တာ စသော နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှုမိတ်ဖက်သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံမှ ခရီးသွားလုပ်ငန်းကုမ္ပဏီများကလည်း တရုတ်-လာအို ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါဖိုရမ်အတွင်း အခြားသောအစီအစဉ်များဖြစ်သည့် Laos Year 2024 စီမံကိန်းများ၏ အဓိကခရီးသွားလုပ်ငန်းစီမံကိန်းများဆိုင်ရာ မြှင့်တင်ရေးအစီအစဉ်နှင့် တရုတ်-လာအို စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ကျင်းပခဲ့ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုလည်း ရည်မှန်းထားကြောင်း သိရသည်။
တရုတ်-လာအို အေးအတူ ပူအမျှအသိုက်အဝန်း၏ အောင်မြင်မှုများနှင့် စပ်လျဉ်းသော ဓာတ်ပုံပြပွဲကိုလည်း ဖိုရမ်တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

၎င်းဖိုရမ်ကို လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆင်ဟွာသတင်းအေဂျင်စီနှင့် လာအို တရုတ် ကုန်သည်ကြီးများအသင်းတို့က “တရုတ်-လာအို အေးအတူ ပူအမျှအသိုက်အဝန်း-ခေတ်သစ်၊ အခွင့်အလမ်းသစ်၊ စံနမူနာအသစ်” ဟူသော ခေါင်းစဉ်ဖြင့် ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Belt and Road forum sees signing of agreements to promote cooperation in China-Laos Economic Corridor
VIENTIANE, Dec. 7 (Xinhua) — The second Belt and Road Laos-China Cooperation Forum was held here on Thursday, seeing the signing of a number of agreements promoting cooperation in the China-Laos Economic Corridor.
At the forum, China Economic Information Service, a subsidiary of Xinhua News Agency, released a bilingual report titled New Opportunities of China-Laos Economic and Trade Cooperation in New Era.
The report summarizes the achievements of China-Laos economic and trade cooperation, demonstrating the key cooperation projects between China and Laos and foreseeing the broad opportunities for future cooperation between the two countries.
At the meeting, the Belt and Road Portal, the official website for the Belt and Road Initiative (BRI), launched a China-Laos Economic Corridor web page section officially and signed a memorandum of cooperation with Lao News Agency.
The bilingual column Silk Road Express of the Chinese Times (Laos) was officially launched, which will offer graphic and video information on the progress of Belt and Road projects and China-ASEAN (the Association of Southeast Asian Nations) cooperation to local people in Lao and English.
Chinese and Lao enterprises and organizations participating in the forum also signed cooperation agreements in various fields such as finance, communications, culture and tourism, etc.
The Industrial and Commercial Bank of China (ICBC) signed a cooperation agreement with Laos-China Cooperation Committee. China Mobile International Limited signed a consultation partner agreement with KLS Sole Laos Limited on cooperation in the areas of virtual operator business and cloud data center in Laos.
Chinese and Lao tourism companies signed a memorandum of cooperation to promote China-Laos cultural exchanges.
During the forum, other activities were also held including a promotion event for key tourism projects of the Laos Year 2024, and a seminar on China-Laos agricultural cooperation and targeted poverty alleviation.
Participants also visited a photo exhibition on the achievements of the China-Laos community with a shared future.
The forum was jointly organized by the Ministry of Information, Culture and Tourism of Laos, Xinhua News Agency and the Lao Chinese Chamber of Commerce, under the theme of “China-Laos Community with Shared Future: New Era, New Opportunities, New Paradigm.”
Photo 1: Lao Deputy Prime Minister Kikeo Khaykhamphithoune (7th L) and Fu Hua (7th R), president of Xinhua News Agency, attend the opening ceremony of the second Belt and Road Forum for Laos-China Cooperation in Vientiane, Laos, Dec. 7, 2023. (Xinhua/Zhu Wei)
Photo 2: Fu Hua, president of Xinhua News Agency, delivers a speech at the second Belt and Road Forum for Laos-China Cooperation in Vientiane, Laos, Dec. 7, 2023. (Xinhua/Zhu Wei)