Connect with us

China

မြစ်ကျဉ်းသုံးသွယ်ရေကာတာမှ ကုန်စည်သယ်ယူပို့ဆောင်မှု စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ ကျစ်ကွေးခရိုင်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာကို ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)
ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာမှ တစ်ဆင့် ကုန်စည်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၇၄ သန်း အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈.၇၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။
၎င်းရေကာတာရှိ ရေပြင်ညှိဆည်များက ပို့ဆောင်ပေးသောပမာဏမှာမူ တန်ချိန် ၁၆၉ သန်းရှိကာ ဆည်၏ သင်္ဘောအတင်အချနေရာမှ ကုန်စည် တန်ချိန် ၄.၇၉ သန်းနီးပါး ပို့ဆောင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံး အဓိကကုန်ပစ္စည်း တန်ချိန် ၅၇၄,၁၀၀ ကို အဆိုပါ ဆည်မှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်ခရီးစဉ် ၂.၂ သန်းကျော်လည်း ဖြတ်သန်းသွားလာခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ဘက်စုံသုံးရေလမ်းကြောင်းထိန်းချုပ်ရေးစနစ်ဖြစ်ပြီး အရှည် ၂,၃၀၉ မီတာ၊ အမြင့် ၁၈၅ မီတာရှိသော ဆည်တစ်ခု၊ မြောက်မှ တောင်ဘက်သို့ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့်ငါးဆင့်ရှိသော ရေပြင်ညှိဆည်တစ်ခု၊ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၂၂.၅ သန်း ထုတ်လုပ်နိုင်သော တာဘိုမီးစက် ၃၄ လုံး ပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Shipping throughput of Three Gorges Dam hits record high
BEIJING, Jan. 1 (Xinhua) — The shipping throughput via the Three Gorges Dam, the world’s largest hydropower project on the upper stream of the Yangtze River, reached a record high of 174 million tonnes in 2023, official data showed Sunday.
The figure marks an 8.77 percent increase from the previous year, according to the Ministry of Transport.
The dam’s ship locks had a throughput of 169 million tonnes, while the dam’s ship lift had a throughput of nearly 4.79 million tonnes.
Throughout the year, 574,100 tonnes of key materials have been transported via the dam, and over 2.2 million tourist trips were made at the site, according to the ministry.
The Three Gorges project is a multi-functional water-control system, consisting of a dam measuring 2,309 meters long and 185 meters high, five-tier ship locks on the north and south sides, and 34 turbo-generators with a combined power generating capacity of 22.5 million kilowatts.
Photo: This aerial photo taken on April 6, 2023 shows a view of the Three Gorges Dam in Zigui County of Yichang City, central China’s Hubei Province. (Photo by Zheng Jiayu/Xinhua)