Connect with us

Asia

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စုတွင် ဇန်နဝါရီ ၁ ရက်၌ အင်အား ၇.၆ အဆင့်အထိရှိသော ငလျင် အပါအဝင် အင်အားပြင်း ငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။
ငလျင်မှာ ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအားအမြင့်ဆုံးဖြစ်သည့် ၇ အထက်တွင် တိုင်းတာရရှိကြောင်း၊ ဒေသများစွာတွင်လည်း ငလျင်များ လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးလှုပ်ခတ်ခဲ့သော ငလျင်ကြီးမှာ ဒေသစံတော်ချိန် ညနေ ၄:၁၀ နာရီက အနက်တိမ်သောနေရာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသအေဂျင်စီထံမှ သိရသည်။

အဆိုပါ ငလျင်၏ ဗဟိုချက်မှာ အီရှီကာဝါစီရင်စု၊ နိုတိုဒေသ၊ ဝါဂျီမာမြို့ အရှေ့-အရှေ့မြောက်ဘက် ၃၀ ကီလိုမီတာအကွာ၊ မြောက်လတ္တီကျု ၃၇.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၇.၂ ဒီဂရီတွင်ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် JMA က နိုတိုဒေသတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း၊ ပြည်သူများအနေဖြင့် ချက်ချင်းရွှေ့ပြောင်းကြရန်၊ ဂျပန်ပင်လယ်ပြင်၏ နီအိဂါတာ၊ တိုယာမာ၊ အီရှီကာဝါ စသည့် စီရင်စုများအတွက် ဆူနာမီသတိပေးချက်ကို လိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Massive quake jolts central Japan, major tsunami warning issued
TOKYO, Jan. 1 (Xinhua) — A series of strong earthquakes with major ones measured at up to 7.6-magnitude has struck the central Japanese prefecture of Ishikawa on Monday, the Japan Meteorological Agency (JMA) said.
The quake registered an intensity of 7 on the Japanese seismic which peaks at 7, with temblors felt in multiple regions of the Asian country.
According to the weather agency, the latest major temblor occurred at 4:10 p.m. local time (0710 GMT) at a shallow depth.
The temblor’s epicenter was located at Ishikawa’s Noto region Wajima east-northeast 30 km at 37.5 degrees north latitude and a longitude of 137.2 degrees east longitude.
A major tsunami warning has been issued by the JMA for Noto region, urging people to evacuate immediately, following tsunami warnings for Niigata, Toyama, Ishikawa prefectures of the Japan Sea side of the country.