Connect with us

Europe

အိုင်ယာလန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာပြီး တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းမှု အောင်မြင်မည်ဟု မျှော်လင့်

အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ နိုင်ငံတော်ဧည့်ဂေဟာဖြစ်သော Farmleigh အိမ်တော်၌ တွေ့ဆုံဆွေးနွေးနေကြသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အိုင်ယာလန် ဝန်ကြီးချုပ် Leo Varadkar တို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒပ်ဗလင်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အိုင်ယာလန်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုအပေါ် ချီးကျူးပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်အမြဲလိုက်နာလျက်ရှိကြောင်းနှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းမှုကိုလည်း ဆောလျင်စွာ အောင်မြင်မည်ဟု မျှော်လင့်ကြောင်း အိုင်ယာလန် ဝန်ကြီးချုပ် Leo Varadkar က ဇန်နဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။

Varadkar က တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အိုင်ယာလန်နိုင်ငံ နိုင်ငံတော်ဧည့်ဂေဟာဖြစ်သော Farmleigh အိမ်တော်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Ireland abides by one-China principle, hopes for China’s peaceful reunification: PM
DUBLIN, Jan. 17 (Xinhua) — Ireland appreciates China’s great achievements in economic and social development, always abides by the one-China principle, and hopes that China will achieve peaceful reunification at an early date, Irish Prime Minister Leo Varadkar said here Wednesday.
Varadkar made the remarks when meeting with Chinese Premier Li Qiang at Farmleigh House, the official Irish state guest house.
Photo: Chinese Premier Li Qiang holds talks with Irish Prime Minister Leo Varadkar at Farmleigh House, the official Irish state guest house, in Dublin, Ireland, Jan. 17, 2024. (Xinhua/Wang Ye)