Connect with us

Media

တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၇ က အာကာသစခန်းနှင့် ချိတ်ဆက်မိ

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၇ သည် ၎င်း၏ လုပ်ဆောင်ရမည့်အဆင့်များပြီးစီးကာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော ထျန်းကုန်း အာကာသစခန်းနှင့် ဇန်နဝါရီ ၁၈ ရက်၌ ချိတ်ဆက်မိခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီ (CMSA) က ပြောခဲ့သည်။

ပေကျင်းစံတော်ချိန် နံနက် ၁:၄၆ နာရီက ထျန်းကျိုး-၇ အာကာသယာဉ်သည် ထျန်းဟဲပင်မမော်ဂျူး၏ ရှေ့ဘက်ချိတ်ဆက်ပေါက်နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း CMSA က ဆိုသည်။

အာကာသစခန်းတွင်ရှိသော ရှန်ကျိုး-၁၇ အာကာယာဉ်မှူးများသည် ကုန်တင်အာကာသယာဉ်အတွင်း ဝင်ရောက်သွားခဲ့ပြီး စီစဉ်ထားသည့်အတိုင်း ကုန်ပစ္စည်းများ လွှဲပြောင်းခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(English Version)
China’s cargo craft Tianzhou-7 docks with space station combination
BEIJING, Jan. 18 (Xinhua) — China’s cargo craft Tianzhou-7 completed its status setting and docked with the orbiting Tiangong space station on Thursday, the China Manned Space Agency (CMSA) said.
At 1:46 a.m. (Beijing Time), Tianzhou-7 docked at the rear docking port of the Tianhe core module, said the CMSA.
The Shenzhou-17 crew members onboard the space station will enter the cargo craft and transfer the payloads as scheduled.