Connect with us

China

နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်မှုစင်္ကြံသစ်က နိုင်ငံနှင့် ဒေသ ၁၂၀ ရှိ ဆိပ်ကမ်းပေါင်း ၄၉၀ အထိ ရောက်ရှိလာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့ရှိ ချင်ကျိုးဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်သည် နိုင်ငံနှင့် ဒေသ ၁၂၀ ရှိ ဆိပ်ကမ်းပေါင်း ၄၉၀ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၏ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးအရ သိရသည်။

တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပူးတွဲတည်ဆောက်ထားသော အဆိုပါ ကုန်သွယ်ရေးစင်္ကြံသည် ၂၀၂၃ ခုနှစ်အတွင်း ကုန်စည်တင်ပို့မှုပမာဏအနေဖြင့် ၂၀၂၂ ခုနှစ်ကထက် ၂၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယမန်နှစ်က ထိုစင်္ကြံ၏ ကြီးမားသော သက်ရောက်မှုကြောင့် စင်္ကြံ၏ လုပ်ငန်းလည်ပတ်ရေးအချက်အချာဖြစ်သော ချုံချင့်မြို့သည်လည်း ကမ္ဘာကြီးအား တံခါးပိုမိုဖွင့်လှစ်ပေးလာနိုင်ခဲ့သည်။

ချုံချင့်မြို့နှင့် စီချွမ်းပြည်နယ်ရှိ ချိန်တူးမြို့က ကိုင်တွယ်ဆောင်ရွက်သော တရုတ်-ဥရောပ ကုန်တင်ရထားလုပ်ငန်းများကလည်း ဥရောပဒေသနှင့် အာရှဒေသရှိ မြို့ပေါင်း ၁၀၀ အား လွှမ်းခြုံလျက်ရှိကြောင်း သိရသည်။ ချုံချင့် ကျန်းပေ အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် နိုင်ငံတကာလေကြောင်းလမ်း ၃၃ ခုသည်လည်း ယမန်နှစ်က ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ချုံချင့်မြို့ မြို့တော်ဝန် Hu Henghua က အစိုးရလုပ်ငန်းအစီရင်ခံစာ ဖတ်ကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ချုံချင့်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ရောယှက်ခြင်းကို ဆက်လက်ကောင်းမွန်စေခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ယင်းမြို့၏ “ထုတ်ကုန်သစ် ၃ မျိုး” ဖြစ်သော လျှပ်စစ်ယာဉ်များ၊ လီသီယံဘက်ထရီများနှင့် ဆိုလာပြားများ တင်ပို့မှုကလည်း ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆရှိခဲ့ကြောင်း၊ ချုံချင့်မြို့၏ မော်တော်ယာဉ်တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၌ ၅၁.၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ချုံချင့်မြို့တွင် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း ပြည်ပစီးပွားရေးလုပ်ငန်းသစ် ၇၈၂ ခု တည်ထောင်နိုင်ခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ ယွမ် ၇၁၃.၇၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၀.၃ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
New International Land-Sea Trade Corridor reaches 490 ports in 120 countries, regions
CHONGQING, Jan. 21 (Xinhua) — The New International Land-Sea Trade Corridor reaches 490 ports in 120 countries and regions, according to the annual session of the people’s congress of southwest China’s Chongqing Municipality on Sunday.
This trade corridor, jointly built by provincial-level regions in western China and ASEAN members, saw its cargo volume rise 21 percent year on year in 2023. Chongqing, which is the corridor’s operational hub, became even more open to the world thanks to the corridor’s greater impact last year.
China-Europe freight train services handled by Chongqing and the city of Chengdu, in the neighboring Sichuan Province, cover 110 cities in Europe and Asia. A total of 33 international flight routes involving Chongqing Jiangbei International Airport were resumed last year, said the city’s mayor Hu Henghua when delivering the government work report.
Chongqing has continued to optimize its foreign investment and trade mix. In 2023, exports of the city’s “new three” products, namely electric vehicles, lithium batteries and solar cells, doubled compared with the previous year. The value of the city’s automobile exports registered 51.9 percent year-on-year growth in 2023.
A total of 782 new foreign enterprises were established in Chongqing last year, while the city’s import and export volume amounted to 713.74 billion yuan (about 100.3 billion U.S. dollars) in 2023.
Photo: This aerial photo taken on Oct. 26, 2023 shows the Qinzhou Port in Qinzhou City, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)