Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာ၊ ရှာဖွေရေးလုပ်ငန်းများ အစွမ်းကုန်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့၊ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တောင်ထူထပ်သောကျေးရွာတွင် ဇန်နဝါရီ ၂၂ ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅:၄၀ နာရီအထိ သေဆုံးသူအရေအတွက်မှာ ၃၁ ဦးအထိ မြင့်တက်လာကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့၊ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် ကယ်ဆယ်ရေးသမားများက အလင်းပေးကိရိယာ တပ်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးသမား ၁,၀၀၀ ကျော်နှင့်အတူ စက်ယန္တရားနှင့် မော်တော်ယာဉ် အစီးရေ ၁၅၀ ၊ ခွေး ၈၁ ကောင်တို့နှင့်အတူ ပါဝင်ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ မြေပြိုမှုဖြစ်ပွားရခြင်းမှာ မတ်စောက်လှသောတောင်စောင်းထိပ်ရှိ တောင်ကမ်းပါးယံဧရိယာ ပြိုကျရခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်က မိုးရွာသွန်းထားခြင်းကြောင့် မြေပြိုမှုကို ဖြစ်ပေါ်စေကြောင်း သိရသည်။

မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေရေးလုပ်ငန်းကို ကယ်ဆယ်ရေးသမားများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြသော်လည်း အေးခဲ၍ ဆီးနှင်းကျသောရာသီဥတုက ၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အဟန့်အတားဖြစ်စေကြောင်း သိရသည်။

မြေပြိုမှုဖြစ်ပွားသောဧရိယာရှိ အိမ်ထောင်စု ၂၂၃ စုမှ ဒေသခံ ၉၁၈ ဦးအား ဘေးလွတ်သောနေရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ၎င်းတို့အနက် အချို့မှာ ဆွေမျိုးများနှင့်အတူ နေထိုင်လျက်ရှိသလို အချို့မှာမူ အနီးဝန်းကျင်ရှိ စာသင်ကျောင်း ယာယီစခန်း၌ နေထိုင်ကြရကြောင်း၊ ဒေသခံနှစ်ဦးမှာလည်း ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
All-out efforts in search of landslide survivors as death toll rises to 31 in SW China
KUNMING, Jan. 23 (Xinhua) — The death toll from a landslide that struck a mountainous village in southwest China’s Yunnan Province on Monday had climbed to 31 as of 5:40 p.m. Tuesday, local authorities said.
More than 1,000 rescuers have joined in the search and rescue operations, along with 150 machines and vehicles and 81 dogs.
Preliminary investigations found that the landslide was caused by a collapse in a steep cliff area at the top of a slope. Previous rainfalls had also contributed to the landslide.
Rescuers are racing against the clock in search of the missing, but freezing and snowy weather is hampering their efforts.
A total of 918 residents from 223 households have been evacuated to safe locations. Some are staying with relatives, and others are taking shelter at a temporary settlement site at a nearby school. Two residents are receiving treatment in hospital.
Photo 1: Rescuers carry out rescue operations in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province, Jan. 23, 2024. (Xinhua/Hu Chao)
Photo 2: Rescuers set up the lighting equipment in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province, Jan. 23, 2024. (Xinhua/Hu Chao)