Connect with us

Economy

တရုတ်-ရုရှား ကုန်စည်ပြပွဲတွင် ယွမ် ၁၃.၆ ဘီလီယံ တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် ပြုလုပ်သော တရုတ်-ရုရှား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကွန်ဖရင့်သို့ တက်ရောက်လာသူများကို၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်တွင် တရုတ်ကုမ္ပဏီများနှင့် ရုရှားစီးပွားရေးမိတ်ဖက်များက စုစုပေါင်း ယွမ် ၁၃.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၁ ဘီလီယံ) တန်ဖိုးရှိသော သဘောတူစာချုပ် ၅၅ ခုကို ဇန်နဝါရီ ၂၉ ရက်က လက်မှတ်ရေးထိုးခြင်းဖြင့် တရုတ်-ရုရှား ကုန်စည်ပြပွဲ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် ပြုလုပ်သော တရုတ်-ရုရှား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကွန်ဖရင့်သို့ တက်ရောက်လာသူများကို၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သဘောတူစာချုပ်များသည် အအေးခန်းသိုလှောင်ရုံလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် သွင်းကုန်ပို့ကုန် စသည့်ကဏ္ဍများအား လွှမ်းခြုံထားကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲသို့ ရုရှားနှင့် ယူရေးရှားစီးပွားရေးသမဂ္ဂရှိ အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်က တရုတ်စီးပွားရေးလုပ်ငန်းများ ကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းကျွမ်းကျင်သူများနှင့် ပညာရှင်များနှင်အတူ တက်ရောက်ခဲ့ကြသည်။ယင်းကုန်စည်ပြပွဲကို စိန်ရန်မြူနီစီပယ်အစိုးရနှင့် လျောင်နင်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။စိန်ရန်မြူနီစီပယ်အစိုးရနှင့် China Eastern Airlines တို့က ဖေဖော်ဝါရီလကုန်ပိုင်းတွင် စိန်ရန်မြို့နှင့် မော်စကိုမြို့ကြား ပုံမှန်ခရီးသည်တင်လေကြောင်းလိုင်း ပြေးဆွဲရန် သဘောတူညီချက်ကို အဆိုပါကွန်ဖရင့်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………
China-Russia trade fair inks cooperation deals of 13.6 bln yuan
SHENYANG, Jan. 29 (Xinhua) — A total of 55 deals, together worth 13.6 billion yuan (1.91 billion U.S. dollars), were concluded on Monday by Chinese companies and their Russian business partners in Shenyang, the capital of northeast China’s Liaoning Province.
The deals cover such sectors as cold-chain warehousing, financial services, and imports and exports. They were signed at a China-Russia economic and trade cooperation conference held in Shenyang.
More than 100 entrepreneurs from Russia and other countries in the Eurasian Economic Union attended the event, together with representatives of Chinese enterprises, industrial experts and scholars.
The Shenyang municipal government and Liaoning’s department of commerce were among the organizers of the event.
The Shenyang municipal government and China Eastern Airlines signed a letter of intent at the conference, agreeing to open a regular passenger air route between Shenyang and Moscow in late February.
Photo 1, 2: Guests attend a China-Russia economic and trade cooperation conference held in Shenyang, northeast China’s Liaoning Province, Jan. 29, 2024. (Xinhua/Yang Qing)