Connect with us

China

တရုတ်နိုင်ငံ၏ BYD ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း သန့်စင်လျှပ်စစ်ကားရောင်းချသူဖြစ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ တရုတ်မော်တော်ကား ထုတ်လုပ်သူ BYD ၏ ထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်လိုက်သော အစီးရေ ၅ သန်းမြောက် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ BYD ကုမ္ပဏီက ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ကမ္ဘာ့ထိပ်တန်း သန့်စင်လျှပ်စစ်မော်တော်ယာဉ် ရောင်းချသူဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံတွင် လျင်မြန်စွာတိုးတက်လာသော စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ကဏ္ဍတွင် နောက်ထပ်အထင်ကရ အခိုက်အတန့်လည်း ဖြစ်ကြောင်း သိရသည်။

– တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဆန်းကျန့် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ၂၇ ကြိမ်မြောက် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ နိုင်ငံတကာမော်တော်ကားပြပွဲအတွင်း BYD ကုမ္ပဏီမှ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များအကြောင်း လေ့လာနေသူများအား ၂၀၂၃ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်မြို့အခြေစိုက် မော်တော်ကားကုမ္ပဏီဖြစ်သော BYD က အောက်တိုဘာလနှင့် ဒီဇင်ဘာလအတွင်း လျှပ်စစ်ကား အစီးရေ ၅၂၆,၄၀၉ စီး ရောင်းချနိုင်ခဲ့ကာ အလားတူကာလအတွင်း Tesla ကုမ္ပဏီ၏ ရောင်းအား အစီးရေ ၄၈၄,၅၀၇ ကို ကျော်တက်သွားခဲ့သည်။

ထို့ပြင် BYD အနေဖြင့် ကမ္ဘာ့ထိပ်တန်း NEV ရောင်းချသူအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကာ ယမန်နှစ်က သန့်စင်လျှပ်စစ်ကားမော်ဒယ်များနှင့် ပလပ်ထိုး ဟိုက်ဘရစ်ကား (plug-in hybrid) မော်ဒယ် နှစ်မျိုးလုံး အပါအဝင် မော်တော်ကားအစီးရေ ၃.၀၂ သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း BYD ၏ နှစ်ပတ်လည်စာရင်းများအရ သိရသည်။

BYD သည် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်လာသော NEV ထုတ်လုပ်သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်ကာ ကမ္ဘာပေါ်ရှိ မော်တော်ယာဉ် အရေအတွက် အများဆုံးဖြစ်၍ ပိုမိုစိမ်းလန်းသော နည်းပညာများဆီသို့ ကူးပြောင်းလျက်ရှိသည်။

၁၉၉၅ ခုနှစ်တွင် ဘက်ထရီထုတ်လုပ်သူများအဖြစ် စတင်တည်ထောင်ခဲ့သော BYD ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ NEV ထုတ်လုပ်မှုသို့ လျှောက်လှမ်းရာတွင် ဦးစွာစတင်ခဲ့သူလည်း ဖြစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် BYD ၏ စွမ်းအင်သစ်မော်တော်ကားများကို ပေကျင်းမြို့ရှိ နိုင်ငံတကာ မော်တော်ကားပြပွဲ၌ ပွဲဦးထွက်ပြသခဲ့ချိန်က ယင်းကုမ္ပဏီက NEV ကားများကို ပြသသည့် တစ်ခုတည်းသော ကားထုတ်လုပ်သူလည်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုစီမံကိန်း ပထမဆုံးကြေညာတဲ့အချိန်တုန်းက လူတွေက ကျွန်တော်တို့ကို မယုံကြည်ကြဘူး” ဟု BYD ၏ ဥက္ကဋ္ဌ Wang Chuanfu က ပြောခဲ့သည်။

“ဒါပေမဲ့ ပုံမှန်မော်တော်ကားဈေးကွက်က သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲခြင်း အကြောင်းတရားတွေကြောင့် ဈေးကွက်က အမြင့်ဆုံးကန့်သတ်ချက်ရောက်နေပြီဖြစ်လို့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိခဲ့တယ်” ဟု Wang က ဆိုသည်။

ယာဉ်မောင်းနှင်နိုင်မှု အကွာအဝေး၊ NEV ကားများတွင် ပါဝင်သော အားသွင်းစနစ်အပေါ် စိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်းသော ဝယ်ယူသူများ၏ သံသယများကြောင့် အခက်အခဲ အကျပ်အတည်းများဖြင့် စတင်ခဲ့ပြီးနောက် BYD ကုမ္ပဏီသည် မကြာသေးမီနှစ်များအတွင် တိုးတက်မှုအရှိန် ခေတ်သစ်သို့ ဝင်ရောက်လာခဲ့သည်။

ယမန်နှစ်က BYD ကုမ္ပဏီသည် သန့်စင်လျှပ်စစ်ကား အစီးရေ ၁.၅၇ သန်းကျော် ရောင်းချနိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၇၂.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထို့အတူ ပလပ်ထိုး ဟိုက်ဘရစ်ကား အစီးရေ ရောင်းချမှုမှာလည်း ၅၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အစီးရေ ၁.၄၃ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ရောင်းအားအကောင်းဆုံးမော်ဒယ်များမှာ အလယ်အလတ်ဈေးကွက်နှင့် လူငယ်ဝယ်ယူသူများကို ရည်မှန်းထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် BYD ကားမော်ဒယ်များသည် တန်ဖိုးအားဖြင့် ယွမ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ခန့်မှ ၂၁,၄၀၀ ခန့်) နှင့် ယွမ် ၁၅၀,၀၀၀ မှ ယွမ် ၂၀၀,၀၀၀ ကြား ရှိကြောင်း SDIC Securities မှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s BYD becomes world’s top pure electric vehicle seller in Q4
SHENZHEN, Jan. 4 (Xinhua) — China’s BYD became the world’s leading seller of pure electric vehicles in the fourth quarter of 2023, marking another landmark moment in China’s fast-growing new energy vehicle (NEV) sector.
The Shenzhen-based auto company announced the sales of 526,409 all-electric cars between October and December, surpassing Tesla’s 484,507 in the same period.
The annual figures also saw BYD retaining the title of the world’s top NEV seller, with more than 3.02 million cars sold last year, including both pure electric models and plug-in hybrid ones.
BYD is one of the many NEV producers that have seen booming sales as China, boasting the largest number of motor vehicles in the world, transitions toward greener technologies.
Established in 1995 as a battery producer, BYD was an early starter in the pursuit of NEV manufacturing in China. In 2004, when BYD’s new energy cars made their debut at Beijing’s international auto show, the company was the only carmaker there to exhibit NEVs.
“When we first announced our electric vehicle production plan, not many people had confidence in us,” recalled Wang Chuanfu, chairman of BYD.
“But we had confidence in our prediction that the traditional auto market would have a market size ceiling due to environmental and climate change factors,” Wang said.
After tiding over a rocky start characterized by consumer suspicions over driving range and scarce charging facilities involving NEVs, the company ushered in an era of robust growth in recent years.
Last year, the company sold more than 1.57 million pure electric passenger cars, representing a 72.8 percent rise year on year. Its sales of plug-in hybrid vehicles also climbed 52 percent to exceed 1.43 million.
Its bestselling models target the mid-range market and young consumers. In China, BYD models rank first in price ranges of 100,000 to 150,000 yuan (about 14,000 to 21,400 U.S. dollars) and 150,000 to 200,000 yuan, according to a report by SDIC Securities.
Photo 1: The five millionth new energy vehicle produced by Chinese carmaker BYD rolls off production line in Shenzhen, south China’s Guangdong Province, Aug. 9, 2023. (Xinhua/Liang Xu)
Photo 2: Visitors learn about new energy vehicles of Chinese carmaker BYD during the 27th Guangdong-Hong Kong-Macao Greater Bay Area International Auto Show at the Shenzhen Convention and Exhibition Center in Shenzhen, south China’s Guangdong Province, June 16, 2023. (Xinhua/Liang Xu)