Connect with us

Economy

မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လှူဒါန်းပွဲ ကျင်းပ

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် စီမံကိန်းဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လှူဒါန်းပွဲအခမ်းအနားတစ်ခုအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက လှူဒါန်းသည့် ဆိုလာစွမ်းအင်သုံး လမ်းမီး အစုံ ၄၀ အား ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ယင်းဆိုလာလမ်းမီးတိုင်များအား သာကေတမြို့နယ်အတွင်းရှိ လိုအပ်သည့်နေရာများတွင် တပ်ဆင်သွားမည် ဖြစ်ပြီး ယင်းမှာ ဒေသခံပြည်သူများအတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း သာကေတမြို့နယ် ၁၀ ရပ်ကွက် မြောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးထင်လွင်က ပြောကြားခဲ့သည်။

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် စီမံကိန်းဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် စီမံကိန်းဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် စီမံကိန်းဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

လှူဒါန်းမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ၊ ယင်းမှာ ညအချိန် အများပြည်သူ သွားလာရေး လုံခြုံစိတ်ချစေရေးနှင့် ယာဉ်မတော်တဆမှုများ ကြိုတင်ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ယင်းလှူဒါန်းမှုက ပြည်သူများ ညဘက်သွားလာရေးလုံခြုံအဆင်ပြေမှုအပြင် မီတာခများ သက်သာပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး တိုးတက်စေရန် ရည်ရွယ်ကြောင်း သိရသည်။တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လှူဒါန်းမှုစီမံကိန်း ၂၄ ခု အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ယင်းစီမံကိန်းများမှာ အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်စေရေး ၊ ကုန်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ပံ့ပိုးပေးရေးတို့အား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————-

Donation of China-aided solar-powered streetlights held in Myanmar
YANGON, Feb. 21 (Xinhua) — A donation ceremony of China-aided solar-powered streetlights was held in Yangon on Wednesday.
At the ceremony, 40 sets of solar-powered streetlights, donated by China’s Yunnan Provincial People’s Association for Friendship with Foreign Countries, were handed over to a ward administrator of Thaketa Township, Yangon.
Lamp posts will be installed in the necessary places in Thaketa Township, which will benefit local residents, U Htin Lwin, a ward administrator of Thaketa Township told Xinhua.
“I really thank China for the donation. This helps make public transportation safer at night and prevent traffic accidents,” he added.
The donation is aimed at making night travel safe and smooth for people, saving electricity bills and protecting the environment.
Yunnan Provincial People’s Association for Friendship with Foreign Countries implemented 24 donation projects in Myanmar in 2022. The projects were conducted to optimize infrastructure, develop manufacturing industry and agricultural technology, and facilitate natural disaster relief. Enditem