Connect with us

Videos

မွန်ဂိုလီးယားနိုင်ငံ၌ နှစ်ပေါင်း ၄၉ နှစ်အတွင်း စံချိန်တင် ဆီးနှင်းကျဆင်း

ဦလန်ဘာတာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်ဆောင်းရာသီတွင် ၁၉၇၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးအနေဖြင့် စံချိန်တင် ဆီးနှင်းကျဆင်းခဲ့ကြောင်း မွန်ဂိုလီးယား မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေး အေဂျင်စီက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ် ဆောင်းရာသီတွင် မွန်ဂိုလီးယားနိုင်ငံ၌ ဆီးနှင်းကျဆင်းမှုပမာဏမှာ ၉.၉ မီလီမီတာ ရောက်ရှိလာခဲ့ကြောင်း ရာသီဥတုစောင့်ကြည့်လေ့လာရေးအေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။မွန်ဂိုလီးယားနိုင်ငံရှိ ပြည်နယ်အားလုံးနီးပါးတွင် ဆီးနှင်းများ ထူထပ်စွာ ကျရောက်ခြင်းနှင့် မကြာခဏ နှင်းမုန်တိုင်း တိုက်ခတ်မှုများကြောင့် ယခုဆောင်းရာသီတွင် အစွန်းရောက်ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဆီးနှင်းများ ဖုံးလွှမ်းနေခဲ့ကြောင်း အေဂျင်စီထံမှ သိရသည်။ (Xinhua)
—————————–
Mongolia sees record snow in 49 years
This winter, Mongolia has seen record snowfall, the largest since 1975, the country’s National Agency for Meteorology and Environmental Monitoring said Tuesday.
The average snowfall in the Asian country has reached 9.6 mm so far this winter, the weather monitoring agency said in a statement.
Almost all provinces in Mongolia have experienced extreme weather this winter due to heavy snowfall and frequent blizzards, with over 80 percent of the country blanketed by snow, according to the agency.
Xinhua News Agency correspondents reporting from Ulan Bator.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.