Connect with us

Videos

လာအိုနိုင်ငံမြောက်ပိုင်း၌ ဆင်ပွဲတော် ကျင်းပ

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမြောက်ပိုင်း Xayaboury ပြည်နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆင်ပွဲတော်အား ကျင်းပခဲ့ပြီး ပြည်နယ်၏ Visit Laos Year 2024 အစီအစဉ်အတွက် ပေါ်လွင်ထင်ရှားသော စတင်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။နာမည်ကျော် ဆင်ပွဲတော်ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကာ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တက်ရောက်ခဲ့ကြောင်းနှင့် ဆင်များ စီတန်းလှည့်လည်ခြင်း ၊ ဆပ်ကပ်ဖျော်ဖြေနေကြသည့် တိရစ္ဆာန်တစ်ချို့ နှင့် ပျော်ရွှင်ဖွယ် ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင်မှုများအပါအဝင် လှုပ်ရှားမှုအမျိုးမျိုး ပြသခဲ့ကြောင်း လာအိုနိုင်ငံပိုင်ရုပ်မြင်သံကြားက ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်လွှင့်ခဲ့သည်။အဆိုပါဆင်ပွဲတော်အား ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးရေး နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတို့အား ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————-
Elephant Festival celebrated in northern Laos
The annual Elephant Festival was held in northern Lao province of Xayaboury, marking a colorful start to the province’s Visit Laos Year 2024 program.
The popular annual festival, which saw Lao President Thongloun Sisoulith taking part in the opening ceremony on Saturday, featured a range of events, including a parade of elephants, with some of the animals performing circus acts and competing in a fun painting competition, Lao national TV reported on Monday.
The festival was held from Feb. 12 to Feb. 18, aiming at raising awareness of elephant conservation and promoting local tourism and economic development.
Xinhua News Agency correspondents reporting from Vientiane.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.