Connect with us

China

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ မောင်းသူမဲ့တက္ကစီက ယန်ဇီမြစ်ဖြတ်ကျော် ဝန်ဆောင်မှုပေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Shougang ဥယျာဉ်တွင် ၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲအတွင်း မောင်းသူမဲ့စက်ရုပ်တက္ကစီ စမ်းသပ်ယာဉ်တစ်စီးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် စက်ရုပ်တက္ကစီတစ်စီးသည် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ယန်ဇီမြစ်ပေါ်ရှိ တံတားနှစ်စင်းကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ၏ ပထမဆုံး မြစ်ဖြတ်ကျော် မောင်းသူမဲ့ အငှားယာဉ်ဝန်ဆောင်မှုကို စတင်လည်ပတ်ခဲ့သည်။ အဆိုပါ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို Baidu ၏ မောင်းသူမဲ့ယာဉ်မောင်းနှင်မှု ပလက်ဖောင်း Apollo Go က ထုတ်လုပ်ကာ လည်ပတ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် တစ်နှစ်တည်း ဝူဟန့် ဉာဏ်ရည်ချိတ်ဆက်‌မော်တော်ယာဉ်သရုပ်ပြစမ်းသက်ဇုန်၌ မောင်းသူမဲ့တက္ကစီများနှင့် မောင်းသူမဲ့ဘတ်စကားများ အပါအဝင် မောင်းသူမဲ့ယာဉ် အစီးရေ ၅၀၀ နီးပါး ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထိုကာလအတွင်း ဝူဟန့်မြို့သည် မောင်းသူမဲ့မော်တော်ယာဉ်များမှ ခရီးသွားဝန်ဆောင်မှုအော်ဒါ ၇၃၂,၀၀၀ ခုကျော် မှတ်ပုံတင်ထားခဲ့ပြီး ခရီးစဉ် ၉၀၀,၀၀၀ ခု ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဒေသန္တရအာဏာပိုင်များက ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Wuhan operates driverless taxi service across Yangtze River
WUHAN, Feb. 27 (Xinhua) — A Robotaxi crossed two bridges over the Yangtze River Tuesday morning in Wuhan, central China’s Hubei Province, making the city China’s first to operate commercial autonomous ride-hailing services spanning the river. The driverless taxi service is developed and operated by Baidu’s autonomous driving platform Apollo Go. In 2023, the Wuhan test demonstration zone of intelligent connected vehicles in China alone recorded nearly 500 autonomous vehicles in regular operation, including autonomous taxis and driverless buses. During the period, Wuhan registered over 732,000 orders of travel services by autonomous vehicles, serving 900,000 trips, said local authorities.
Photo: A driverless Robotaxi test car is pictured during the 2023 China International Fair for Trade in Services (CIFTIS) at Shougang Park in Beijing, capital of China, Sept. 5, 2023. (Xinhua/Liu Lingyi)