Connect with us

Politics, Law & Military

တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများကို တရုတ်သံရုံးမှ သံမှူးနှင့် စီးပွါးရေးဆိုင်ရာဌာနများ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobinနှင့် မြန်မာနိုင်ငံရှိ စီးပွါးရေးဆိုင်ရာဌာနများတွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-မြန််မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobinနှင့် မြန်မာနိုင်ငံရှိ စီးပွါးရေးဆိုင်ရာဌာနများက တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၆ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ တရုတ်သံရုံးမှ သံမှူးသည် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေပြည်တော်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသည့် စီးပွားရေးဆိုင်ရာဌာနများမှ အရာရှိများနှင့် သီးခြားစီတွေ့ဆုံကာ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobinနှင့် မြန်မာနိုင်ငံရှိ စီးပွါးရေးဆိုင်ရာဌာနများတွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-မြန််မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှု၊ စီမံကိန်းနှင့်သက်ဆိုင်သော တရုတ်ဝန်ထမ်းများလုံခြုံရေး၊ ကုန်သွယ်မှုချောမွေ့ရေး၊ ဘက်စုံလွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်၊ ပြည်သူ့အကျိုးပြု ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်သစ်တွင် တရုတ်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာတိုးတက်လာစေရန် တွန်းအားပေးကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် “Belt & Road” တည်ဆောက်ရေး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးသွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.