Connect with us

Videos

ပြည်နယ်နှင့် တိုင်းဒေသကြီး တံခွန်စိုက်ဖလားမြင်းစီးပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး မြင်းစီးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစား တံခွန်စိုက်ဖလားပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်မှ ၁၂ ထိ အထိ ၈ ရက်ကြာ ကျင်းပလျက်ရှိသည်။ အဆိုပါပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မြင်း ၂၅ ကောင်၊ ပဲခူးတိုင်းဒေသကြီးမှ မြင်း၂၇ ကောင်၊ မန္တလေးတိုင်းဒေသကြီးမှ မြင်း ၄၉ ကောင်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မြင်း ၈၂ ကောင်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ အားကစားသမားနှင့် မြင်း ၁၈၃ တွဲ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအမျိုးအစားများ အနေဖြင့် ရိုးရာဒုန်း၊ ရိုးရာဓားခုတ်၊ လှံပစ်ပြိုင်ပွဲများ၊ မြင်းအလှစီး၊ နိုင်ငံတကာတန်းခုန်၊ Pony တန်းပြိုင်ပွဲ စသည်တို့ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။ ယခုပြိုင်ပွဲသည် ၂၀၁၃ ခုနှစ် နောက်ပိုင်း ၁၀ နှစ် အတွင်း နိုင်ငံတစ်ဝန်းရှိ မြင်းဝါသနာရှင်များ၊မြင်းစီး အားကစားသမားများ၊ ကလပ်အသင်းများ လာရောက်ယှဉ်ပြိုင်ကာ စိတ်ဝင်တစား စောင့်ကြည့်ကြမည့် ပထမဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.