Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း သစ်တော ဟက်တာ ၄ သန်းနီးပါးစိုက်ပျိုးထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် မြို့တော် နန်ချန်းရှိ မေလျင်အမျိုးသားသစ်တောဥယျာဉ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ စိမ်းလန်းစိုပြည်ရေးအတွက် ယမန်နှစ်က သစ်တော ဟက်တာ ၃.၉၉၈ သန်း စိုက်ပျိုးခဲ့ကြောင်း မတ် ၁၂ ရက်ထုတ်တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။
အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်က ရှိခဲ့သော သစ်တောဧရိယာ ဟက်တာ ၃.၈၃ သန်းထက် ပိုမိုများပြားခဲ့ကြောင်း အမျိုးသား စိမ်းလန်းစိုပြည်ရေးကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။ တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်တွင် ပျက်စီးနေသောမြက်ခင်းပြင်ဧရိယာ ဟက်တာ ၄.၃၇၉ သန်းကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သလို သဲဆန်၍ ကျောက်ခဲထူထပ်သောမြေဧရိယာ ၁.၉၀၅ သန်းကို ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ၄၆ နှစ်မြောက် အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့ကို မတ် ၁၂ ရက်တွင် ကျင်းပလျက်ရှိသည်။ (Xinhua)
—————————————
China plants nearly 4 million hectares of forest in 2023
BEIJING, March 12 (Xinhua) — China stepped up its greening efforts last year with 3.998 million hectares of forest planted, official data showed Tuesday.
The figure was higher than the 3.83 million hectares of afforestation seen in 2022, according to a report of the National Greening Commission. In 2023, the country also restored 4.379 million hectares of degraded grassland and treated 1.905 million hectares of sandy and stony land.
China on Tuesday celebrates its 46th National Tree Planting Day.
Photo: This aerial photo taken on Nov. 20, 2023 shows a view of Meiling national forest park in Nanchang, capital of east China’s Jiangxi Province. (Xinhua/Wan Xiang)