Connect with us

Media

ဆွီဒင်နိုင်ငံ၏ တရားဝင် ဝင်ရောက်ခြင်းအထိမ်းအမှတ် NATO အဖွဲ့ အခမ်းအနားကျင်းပ

ဘရပ်ဆဲလ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရုံးချုပ်၌ မဟာမိတ်အဖွဲ့ထဲသို့ ဆွီဒင်နိုင်ငံ ဝင်ရောက်သည့်အထိမ်းအမှတ်အနေဖြင့် အခမ်းအနားတစ်ရပ်အား မတ် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံအလံကို အခြားမဟာမိတ်အဖွဲ့ဝင်နိုင်ငံအလံ ၃၁ ခုနှင့်အတူ ပူးတွဲလွှင့်တင်ခဲ့ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံသည် ယခုအခါတွင် စာချုပ်တွင်ပါဝင်သော အပုဒ်ခွဲ ၅ ကာကွယ်မှု၏ အကာအကွယ်အောက်တွင် ရှိခဲ့ပြီ ဖြစ်ကြောင်း NATO အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဆွီဒင်အိမ်ရှေ့မင်းသမီး Victoria တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံနှင့်ဖင်လန်နိုင်ငံတို့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအကျပ်အတည်း မြင့်တက် လာပြီးနောက် NATO အဖွဲ့တွင် ပါဝင်ရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
ဖင်လန်နိုင်ငံက ၂၀၂၃ ခုနှစ် ဧပြီလတွင် ထိုအဖွဲ့သို့ ဝင်ရောက်ရေးလုပ်ငန်းစဉ်များ ပြီးစီးခဲ့ချိန်တွင် ဆွီဒင်နိုင်ငံ၏ ဝင်ရောက်ခွင့်မှာ မပြီးပြတ်ခဲ့ဘဲ နောက်ဆုံးတွင် ဟန်ဂေရီပါလီမန်က ပြီးခဲ့သည့်လ၌ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံက ဝါရှင်တန်ဒီစီ၌ အမေရိကန်အစိုးရနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)ထံသို့ ဝင်ရောက်ရေး သဘောတူစာချုပ်အား အပ်နှံပြီးနောက် မတ် ၇ ရက်တွင် NATO အဖွဲ့၏ ၃၂ နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
NATO holds ceremony to mark Sweden’s formal accession
A ceremony was held at the North Atlantic Treaty Organization’s (NATO) headquarters in Brussels on Monday, to mark Sweden’s entry into the alliance.
The flag of Sweden was raised joining the 31 flags of the other members of the alliance.
At the ceremony, attended also by Swedish Crown Princess Victoria, NATO Secretary General Jens Stoltenberg said Sweden is now “under the shield of Article 5 protection.”
Sweden and Finland applied to join NATO after the Ukrainian crisis escalated in February 2022.
While Finland completed the accession process in April 2023, Sweden’s accession dragged on and was finally approved by the Hungarian parliament last month.
Sweden became NATO’s 32nd member on March 7 upon depositing its instrument of accession to the North Atlantic Treaty with the United States government in Washington D.C.
Xinhua News Agency correspondents reporting from Brussels.(XHTV)