Connect with us

Africa & Middle East

ဂါဇာဒေသတွင် “စစ်ပွဲအလွန်” စီမံခန့်ခွဲမှုအပေါ် အစ္စရေး၊ ပါလက်စတိုင်း တာဝန်ရှိသူများ ဆွေးနွေး

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ဂျေရုဆလမ်မြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Marc Israel Sellem/JINI via Xinhua)

ဂျေရုဆလမ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအကြံပေးနှင့် ပါလက်စတိုင်း ထောက်လှမ်းရေးအကြီးအကဲတို့သည် ဂါဇာဒေသ “စစ်ပွဲအလွန်” စီမံခန့်ခွဲမှု၌ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ အလားအလာအခန်းကဏ္ဍကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြကြောင်း အစ္စရေးမီဒီယာက မတ် ၁၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနိုင်ငံပိုင် Kan TV သတင်းဌာန၏ ဖော်ပြချက်အရ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ Tzachi Hanegbi နှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အထွေထွေထောက်လှမ်းရေးလုပ်ငန်း အကြီးအကဲ Majed Faraj နှင့် တွေ့ဆုံမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးနှင့် အချိန် ၅ လကြာ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပျက်စီးလျက်ရှိသော ကမ်းရိုးတန်းဒေသကို အုပ်ချုပ်‌ရေးအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက အကြံပြုထားခဲ့သည်။ သို့ရာတွင် ပဋိပက္ခပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် PA သို့မဟုတ် ဟားမက်စ် မည်သူပင်အုပ်ချုပ်ပါစေ ကန့်ကွက်ကြောင်းနှင့် ဂါဇာတွင် အစ္စရေးက လုံခြုံရေးပြန်လည်ထိန်းထားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)

Israeli, Palestinian officials discuss Gaza’s “post-war” management: report
JERUSALEM, March 12 (Xinhua) — Israel’s top security advisor and the Palestinian intelligence chief have met to discuss the Palestinian Authority’s potential role in Gaza’s “post-war” management, Israeli state media reported on Tuesday.
According to Israel’s state-owned Kan TV news, Israeli Prime Minister Benjamin Netanyahu approved the meeting between the Head of the National Security Council Tzachi Hanegbi and Majed Faraj, head of the Palestinian Authority’s General Intelligence Service.
U.S. officials have suggested that the Palestinian Authority (PA) might take charge of rebuilding the Gaza Strip and governing the coastal enclave, which has been devastated by five-month massive Israeli attacks. However, Netanyahu has expressed opposition to either the PA or Hamas governing the Strip after the conflict, insisting that Israel will retain security control over Gaza.
Photo: Israeli Prime Minister Benjamin Netanyahu speaks at a press conference at the Prime Minister’s office in Jerusalem, on Feb. 7, 2024. (Marc Israel Sellem/JINI via Xinhua)