Connect with us

Media

ဟားမက်စ်၏ စစ်ရေးနေရာ နံပါတ် ၂ ဥမင်အိမ်ရာကို အစ္စရေးတိုက်ခိုက်

ဂျေရုဆလမ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အစ္စရေးကာကွယ်ရေးတပ် (IDF) က ဟားမက်စ် ဒုတိယ စစ်ဘက်ခေါင်းဆောင် မာဝန်အစ်ဆာ (Marwan Issa) နေထိုင်သည်ဟု ယူဆထားသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်တစ်ခုကို မတ် ၁၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အစ္စရေး၏ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အစ်ဆာနှင့် အခြားစစ်သွေးကြွခေါင်းဆောင်ဖြစ်သော ရာဇီအဘူတာမာ (Razi Abu Tama’ah) တို့က ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Al-Nusseirat ဒုက္ခသည်စခန်း၏ မြေအောက်နေရာတွင် နေထိုင်လျက်ရှိသည်ကို ထောက်လှမ်းရေးအဖွဲ့က အချက်ပြခဲ့ကြောင်း IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီ (Daniel Hagari) က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း အစ်ဆာသေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ IDF အနေဖြင့် တိုက်ခိုက်မှု ရလဒ်များကို သက်သေယူနေဆဲဖြစ်ကြောင်း ယင်းနေ့အစောပိုင်းက အစ်ဆာသေဆုံးသွားပြီဟူသော မီဒီယာများ၏ ပြောကြားမှုအပေါ် ၎င်းက တုံ့ပြန်ပြောကြားခဲ့သည်။
အစ်ဆာသည် ဟားမက်စ် စစ်ဘက်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့၏ ဒုတိယတပ်မှူးတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် Al-Qassam တပ်ဖွဲ့ တပ်မှူး Mohammed Deif ၏ ညာလက်ရုံးဖြစ်ဖွယ်ရှိကြောင်း သိရသည်။
ယမန်နှစ် အောက်တိုဘာလက အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သော ဟားမက်စ် တာဝန်ရှိသူများကို အစ္စရေးက ဆက်လက်ရှာဖွေနှိမ်နင်းသွားမည်ဟု ဟာဒါရီက သတိပေးခဲ့သည်။ (Xinhua)
……………………
(English Version)
Israel strikes tunnel housing Hamas’ military No. 2: spokesman
JERUSALEM, March 11 (Xinhua) — The Israel Defense Forces (IDF) confirmed on Monday that they had struck a tunnel in the Gaza Strip, where Hamas’ deputy military leader Marwan Issa was believed to be staying.
IDF Spokesman Daniel Hagari said in a briefing that intelligence indicated Issa and Razi Abu Tama’ah, another senior militant, were staying at “an underground compound” in the refugee camp of Al-Nusseirat in the central Gaza Strip during an Israeli airstrike overnight.
He added that there was no confirmation of Issa’s death, and the IDF was still probing the results of the attack, in response to media reports earlier in the day claiming that Issa had been killed.
Issa is the deputy commander of Hamas’ military wing, the Al-Qassam Brigades. He is believed to be the right-hand man to Mohammed Deif, the commander of the Al-Qassam Brigades.
Hagari warned that Israel would continue to pursue Hamas officials involved in the deadly attack on southern Israel in October last year.