Connect with us

China

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့ဝင်များ အစောင့်အ‌ရှောက်ဖြင့်ဖမ်းဆီးလာသော သံသယတရားခံများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများတွင် ပါဝင်ခဲ့သော တရုတ်နိုင်ငံသား ၈၀၀ ကျော်အား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါဆောင်ရွက်မှုသည် တရုတ်၊ ထိုင်းနှင့် မြန်မာ ရဲတပ်ဖွဲ့များက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို ပစ်မှတ်ထားသည့် ကာလကြာရှည် ပူးတွဲစစ်ဆင်ရေးများ၏ ရလဒ်လည်းဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကာ ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများကိုလည်း ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

…………………………..
(English Version)
Over 800 Chinese repatriated from Myanmar
BEIJING, March 13 (Xinhua) — More than 800 Chinese nationals involved in online gambling and telecom fraud crimes have been repatriated from Myanmar, the Ministry of Public Security said Wednesday.
The move was a result of the year-long joint operations by Chinese, Thai and Myanmar police targetting cross-border telecom fraud and online gambling, the ministry said in a press release.
Chinese police will step up international law enforcement cooperation and continue cracking down on these cross-border crimes, the ministry said.
Photo: Criminal suspects are escorted by Chinese police officers at the Kunming Changshui International Airport in Kunming, southwest China’s Yunnan Province, Jan. 30, 2024. (Xinhua/Yin Gang)