Connect with us

Media

၂၀၂၄ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာရန် ကိုယ်စားလှယ်အရေအတွက် အလုံအလောက်ရရှိ

ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ‌ဂျော်ဂျီယာပြည်နယ်၏ ပါတီတွင်းသမ္မတလောင်းရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်ရန် ကိုယ်စားအလှယ် အရေအတွက် လုံလောက်စွာရရှိပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ မတ် ၁၂ ရက် သတင်းဖော်ပြချက်များအရ သိရသည်။

ဂျော်ဂျီယာပြည်နယ် ပရိုင်မာရီရွေးကောက်ပွဲတွင် လက်ရှိသမ္မတသည် ယခုနှစ် ဒီမိုကရက်တစ်သမ္မတလောင်းနှင့် နိုဝင်ဘာလ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စုစုပေါင်း ကိုယ်စားလှယ် ၃,၉၃၄ ဦး အနက် ၁,၉၆၈ ဦး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်တွင် မတ် ၁၂ ရက်က ပြုလုပ်သော ရီပက်ဘလစ်ကန် ပရိုင်မာရီရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့‌ရာ ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်းသွင်းရန် ပိုမိုနီးကပ်လာသလို ဘိုင်ဒန်နှင့်လည်း ပြန်လည်ယှဉ်ပြိုင်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
Biden secures enough delegates to become 2024 Democratic presidential nominee
WASHINGTON, March 12 (Xinhua) — U.S. President Joe Biden has secured enough delegates to become the Democratic Party’s 2024 presidential nominee after a projected victory in Georgia’s primary, according to U.S. media projections on Tuesday.
With his win in Georgia’s primary, the incumbent president has cleared the 1,968 delegates mark out of 3,934 total to lock up this year’s Democratic nomination and represent the party on the ballot in November.
Meanwhile, former President Donald Trump is projected to win the Republican primary in the southeastern state of Georgia on Tuesday, inching closer to the party’s presidential nominee and setting up a rematch with Biden.