Connect with us

Media

ယူကရိန်းမောင်းသူမဲ့လေယာဉ်များဖြင့် ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံ ၃ ရုံကို တိုက်ခိုက်

ကိဗ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရုရှားပိုင်နက် Ryazan၊ Nizhny Novgorod နှင့် Leningrad နယ်မြေများရှိ ရေနံချက်စက်ရုံသုံးခုကို ယူကရိန်းမောင်းသူမဲ့လေယာဉ်များက မတ် ၁၃ ရက် နံနက်အစောပိုင်းနှင့် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းမှာ လတ်တလော ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးဌာနက ရုရှားနိုင်ငံ အနောက်ဘက်ရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများမှ စတင်သည့် အထူးစစ်ဆင်ရေး လှုပ်ရှားမှုများ၏ ဆက်လက်လုပ်ဆောင်မှုများဖြစ်ကြောင်း ယူကရိန်း Pravda ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရုရှားနိုင်ငံ Ryazan နယ်မြေရှိ ရေနံချက်စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မီးလောင်မှုသည် မောင်းသူမဲ့လေယာဉ် ပျက်ကျမှုကြောင့် ဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေဆိုင်ရာဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ မီးလောင်မှုတွင် လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TASS သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………….
(Chinese Version)
乌克兰无人机袭击俄境内三处炼油厂
新华社基辅3月13日电 据《乌克兰真理报》13日报道,当天凌晨和早上,乌克兰无人机对位于俄罗斯境内梁赞州、下诺夫哥罗德州和列宁格勒州的三处炼油厂进行袭击,这是乌克兰国家安全局近期针对俄后方能源设施发起的一系列特种作战行动的延续。
俄罗斯紧急情况部13日说,俄梁赞州一家炼油厂当天发生火灾,起火原因或由于无人机坠落。据塔斯社报道,火灾造成2人受伤。(完)