Connect with us

Europe

ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်အနိုင်ရနိုင်ခြေရှိ၊ နိုင်ငံ့ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရန် ပူတင်ကတိပြု

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မဲဆွယ်စည်းရုံးရေးဌာနချုပ်တွင် မီဒီယာနှင့်တွေ့ဆုံနေသော ဗလာတီမာပူတင်ကို ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ လက်ရှိသမ္မတနှင့် ပြန်လည်ရွေးကောက်ခံရနိုင်ခြေရှိနေသော သမ္မတလောင်း ဗလာတီမာ ပူတင်သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုရှိစေရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း မတ် ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သော သမ္မတရွေးကောက်ပွဲ၏ မဲရလဒ်စာရင်းကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသော ဖန်သားမျက်နှာပြင်အား ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန္ဒမဲအားလုံး၏ ၉၅.၀၄ ရာခိုင်နှုန်း ရေတွက်ပြီးနောက် ပူတင်သည် ဆန္ဒမဲ ၈၇.၃၂ ရာခိုင်နှုန်း ရရှိထားကြောင်း မတ် ၁၈ ရက် နံနက်ပိုင်းအထိ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်မှ အချက်အလက်များအရ သိရသည်။

ရုရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ စည်းမျဉ်းများအရ မဲရလဒ် ၅၀ ရာခိုင်နှုန်းကျော် ရရှိထားသော ကိုယ်စားလှယ်လောင်းတစ်ဦးသည် အနိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပူတင်က ၎င်းအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များကို နည်းလမ်းအားလုံးဖြင့် အောင်မြင်အောင်အကောင်းဆုံးဆောင်ရွက်မည်ဖြစ်ကြောင်း မော်စကိုနိုင်ငံရှိ ‌ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဌာနရုံးချုပ်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံတွင် သုံးရက်ကြာမြင့်သော သမ္မတရွေးကောက်ပွဲကို မတ် ၁၅ ရက်၌ စတင်ကျင်းပခဲ့သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးမဲရလဒ်များကို မတ် ၂၈ ရက်ထက် နောက်မကျဘဲ အတည်ပြုမည်ဖြစ်ကာ အတည်ပြုချက်ရရှိပြီးနောက် ၃ ရက်အတွင်း ကြေညာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)

Set to win presidential election, Putin vows to achieve national goals
MOSCOW, March 18 (Xinhua) — Russia’s incumbent President and presidential candidate Vladimir Putin, who is set to win reelection, said he would do his utmost to achieve national development goals on Monday morning.
Putin has won 87.32 percent of the vote after 95.04 percent of all ballots were counted, according to data from the Russian Central Election Commission as of Monday morning.
Under Russia’s presidential election regulations, a candidate who receives more than 50 percent of the votes will secure victory.
Putin said at the campaign headquarters in Moscow that he would do his best to achieve the national development goals in all directions.
Russia kicked off its three-day presidential election on Friday. The final results will be confirmed no later than March 28 by the CEC and will be announced within three days of confirmation.
Photo 1: This photo taken on March 17, 2024 shows a screen displaying the real-time statistics of Russia’s presidential election in Moscow, Russia. (Photo by Alexander Zemlianichenko Jr/Xinhua)
Photo 2: Vladimir Putin meets the press at his campaign headquarters in Moscow, Russia, March 18, 2024. (Xinhua/Cao Yang)