Connect with us

China

တရုတ်နိုင်ငံက ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်ကြီး၏ အကူအညီဖြင့် စီချွမ်းတောမီးလောင်မှုကို ကိုင်တွယ်ဆောင်ရွက်

ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် တောမီးလောင်မှုကို ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့များကို အထောက်အကူပြုရန် Wing Loong-2 မောင်းသူမဲ့လေယာဉ်ကြီး (UAV) ကို စေလွှတ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကျစ်ကုန်းမြို့ရှိ လေဆိပ်မှ မပျံတက်မီ စစ်ဆေးမှုခံယူနေသော Wing Loong-2 မောင်းသူမဲ့လေယာဉ်ကြီး (UAV) ကို ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Aviation Industry Corporation of China/Handout via Xinhua)

တရုတ်နိုင်ငံတွင် အမှီအခိုကင်းစွာထုတ်လုပ်ထားသော Wing Loong-2 အရပ်ဘက်သုံး UAV ကို အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ စေလွှတ်မှုအရ တောမီးငြှိမ်းသတ်မှုမစ်ရှင် ပံ့ပိုးကူညီရေးအတွက် စီချွမ်းပြည်နယ်သို့ အလျင်အမြန်သွားရောက်စေခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ပြောခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းအတွက် အထူးထုတ်လုပ်ထားသော Wing Loong-2 UAV သည် အရေးပေါ်ကယ်ဆယ်ရေး ကွပ်ကဲမှုအားဖြည့်ခြင်းနှင့် မီးငြှိမ်းသတ်မှုဆောင်ရွက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် ထူးခြားသောကဏ္ဍများပါဝင်ကြောင်း AVIC က ဆိုသည်။

အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက Wing Loong-2 UAV ကို ဝေဟင်မှမီးဘေးစောင့်ကြည့်ခြင်း၊ ဆက်သွယ်ရေး ပံ့ပိုးမှုမစ်ရှင်များ ဆောင်ရွက်ရန်နှင့် စီချွမ်းပြည်နယ် Yajiang ခရိုင်ရှိ တောမီးငြှိမ်းသတ်မှုကို ကူညီရန် မတ် ၂၀ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။

UAV မှ ပေးပို့သော အချိန်နှင့်တစ်ပြေးညီ အချက်အလက်၊ အရည်အသွေးမြင့်မားသော ဓာတ်ပုံများက ကယ်ဆယ်ရေးကွပ်ကဲရေးမှူးများနှင့် မီးသတ်သမားများအတွက် ပိုမိုထိရောက် အကျိုးရှိရှိ ဆောင်ရွက်နိုင်ခဲ့ပြီး မီးလောင်မှုစောင့်ကြည့်ရေးနှင့် မီးလောင်နေရာများကို အတည်ပြုရေးအတွက် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ယင်းလေယာဉ်မှပေးပို့သော အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကလည်း မီးသတ်သမားများ အချိန်မီ တပ်ဖြန့်ခြင်းနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းခြင်း စသည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကယ်ဆယ်ရေးကြီးကြပ်ကွဲကဲသူများအတွက် အရေးပါကြောင်း သိရသည်။
Wing Loong-2 လေယာဉ်သည် Wing Loong အရပ်ဘက်သုံး UAV အုပ်စုဝင်တစ်ခုဖြစ်ကာ AVIC (ချိန်တူး) Unmanned Aerial Vehicle System ကုမ္ပဏီလီမိတက် (AVIC UAS) က ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအတွက် အထူးထုတ်လုပ်ထားသောပုံစံဖြစ်သဖြင့် Wing Loong-2 လေယာဉ်သည် ခရီးဝေးပျံသန်းနိုင်ခြင်း၊ အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ခြင်း၊ ကုန်ပစ္စည်းတင်ဆောင်နိုင်စွမ်းမြင့်မားခြင်းနှင့် ကြမ်းတမ်းသောသဘာဝပတ်ဝန်းကျင်တွင် အလိုက်သင့်ပြောင်းလဲနိုင်ခြင်း စသည့်သွင်ပြင်လက္ခဏာများရှိသည်။ ထို့ပြင် အဆိုပါ မောင်းသူမဲ့လေယာဉ်ကြီးသည် လေပြင်းတိုက်ခတ်ချိန်တွင် ပျံသန်းနိုင်ပြီး သဘာဝဘေးအန္တရာယ် အခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ဆက်သွယ်ရေးအတွက် ပံ့ပိုးပေးခြင်း စသည့် အမျိုးမျိုးသော မစ်ရှင်များကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China tackles Sichuan forest fire with support of homegrown large UAV
BEIJING, March 21 (Xinhua) — China has dispatched the Wing Loong-2 large unmanned aerial vehicle (UAV) to support teams tackling a forest fire in southwest China’s Sichuan Province.
The Chinese independently-developed Wing Loong-2 large civil UAV swiftly rushed to Sichuan to carry out the support mission under the dispatch of the Ministry of Emergency Management, said the Aviation Industry Corporation of China (AVIC), the country’s leading aircraft manufacturer.
The rescue-specialized Wing Loong-2 manifests unique roles of the large UAV in sustaining emergency-rescue command and fire fighting actions in a timely and effective manner, said the AVIC.
The Ministry of Emergency Management on Monday sent the Wing Loong-2 UAV to conduct aerial fire monitoring and telecommunications support missions, to contribute to the battle against the raging forest fire in Yajiang County in Sichuan.
Real-time data and high-definition visual images provided by the UAV made it possible for rescue commanders and firefighters to work in a more efficient and effective manner, enhancing their efforts to monitor the fire and confirm the location of fire sites.
Notably, real-time information sent by the UAV is crucial for rescue commanders in making decisions such as timely dispatching and evacuation of firefighters.
The Wing Loong-2 is a member of the Wing Loong large civil UAV family, which has been developed by AVIC (Chengdu) Unmanned Aerial Vehicle System Co., Ltd. (AVIC UAS), an AVIC subsidiary in southwest China’s Chengdu.
As an emergency-rescue specialized model, Wing Loong-2 features long range, long endurance, large payload capacity and strong environmental adaptability. It can fly in strong winds and conduct diversified missions such as monitoring disaster conditions and supporting telecommunications.
Photo 1: The Wing Loong-2 large unmanned aerial vehicle (UAV) takes off from an airport in the city of Zigong, southwest China’s Sichuan Province, March 18, 2024. (Aviation Industry Corporation of China/Handout via Xinhua)
Photo 2: A Wing Loong-2 large unmanned aerial vehicle (UAV) is examined before taking off from an airport in the city of Zigong, southwest China’s Sichuan Province, March 18, 2024. (Aviation Industry Corporation of China/Handout via Xinhua)